ရင်ထဲ စူးစူးနစ်နစ်ကို နာကျင်လာတယ်......
မျက်လုံးအကြည့်တွေမှာ ဘယ်လိုအဓိပ္ပါယ်တွေ
ပျော်ဝင်နေပြီလဲ ခင်ဗျား မရိပ်မိဘူးလား......
ကျနော့်ကို မုန်းတတ်အောင် သင်ပေးနေတာလား

"ကိုယ်ကတော့ဖြင့် ယောကျာ်းလေးချင်း
ချစ်နေကြတာသိသွားကြရင် ကလေး
အနေကျုံ့မှာစိုးလို့ အားလုံးကို
လိုက်ဖုံးကွယ်ခဲ့တာ......
ကလေးကကျ ကျောင်းမှာ
သူနဲ့ ပြောင်ပြောင်တင်းတင်းကို
ချစ်သူတွေအဖြစ် နေနေကြတယ်မလား"

"အပိုတွေ မပြောစမ်းပါနဲ့......ခင်ဗျားရယ်
ကျနော့်ကြောင့် မဟုတ်ပဲလည်း
ဒီကိစ္စကို ခင်ဗျား ဖွင့်မပြောရဲပါဘူး
ခင်ဗျားလုပ်ငန်းတွေ ထိခိုက်မှာ
သိပ်ကြောက်တယ်မလား"

"ကလေး......တကယ်ပဲ
ကိုယ်နဲ့ ဝေးချင်နေတာလား"

"ခင်ဗျားကရော ကျနော့်ကို
ဆွဲထားချင်သေးလို့လား......"

တကယ်ပါ.....ခင်ဗျားရယ်
ကျနော်တို့ အချစ်က သိပ်ကို
ပြဇာတ်ဆန်လွန်းခဲ့တယ်......

အချစ်တတ်ဆုံးဆိုတဲ့ ကျိန်စာတွေ ကြားမှာ
သူက ငါ့လောက်တော့ဖြင့် မချစ်ပါဘူးဆိုတဲ့
အတ္တတွေနဲ့ လောင်မြိုက်ခဲ့ကြတယ်.......

ကျနော်တို့ရဲ့ မဟားတရားအချစ်တွေကပဲ
ကျနော်တို့ကို ဝေးကွာစေတော့မယ်ထင်တယ်.....

ကျနော် ခင်ဗျားကို သိပ်ချစ်တာ.....လူကြီးရယ်

"ကလေး......သေချာတာတစ်ခုကလေ
ကိုယ် မင်းကို ဘယ်တော့မှ ထားမသွားဘူး"

အဟက်......ကျနော့်ဘက်က စပြီး
ထားသွားဖို့ပဲ ခင်ဗျားက အမုန်းတွေကို
ဖန်တီးတော့မှာ မဟုတ်လား

"ဒါမဲ့လေ.....ကလေး ထွက်သွားမယ်ဆိုလည်း
ကိုယ် ဆွဲထားမှာ မဟုတ်ဘူး"

ဘာလဲ......
ထားခဲ့ခံရခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ
အချစ်တတ်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို
ခင်ဗျားက ဖက်တွယ်ချင်နေသေးတာလား......

အတ္တကြီးလိုက်တာ......ခင်ဗျားရယ်

ကျောင်းက လူတွေရဲ့ အထင်လွဲမှားမှုနဲ့
ချစ်သူလို့ ထင်ခံထားရတဲ့
ကျနော်တို့နှစ်ယောက်ထက်စာရင်
တစ်နိုင်ငံလုံးကို ချစ်သူတွေပါလို့ ဝန်ခံထားတဲ့
ခင်ဗျားတို့နှစ်ယောက်ရဲ့ ပက်သက်မှုကြီးက
ပိုပြီး အပြစ်မကြီးလေဘူးလား......

•~ ENDLESS ~•Where stories live. Discover now