"အာ့ဆို ကျနော် တွေ့ခဲ့တာ
တကယ် လူကြီးပဲလား....."

"အင်း.......ဟုတ်တယ်"

"ဒါနဲ့များ....."

"ဘာလဲ Xiao Lu.....
ကိုယ့်ကို အပြစ်ပြောမလို့လား"

"Lu ဆီ ဘာလို့ မလာခဲ့တာတုန်း"

"တစ်ကျောင်းလုံးက Xiao Luhan ရဲ့
ချစ်သူက Kim Jongin လို့
သိနေကြတဲ့ဟာ ကိုယ်က
လာပြီး ဘာလုပ်ရမှာတုန်း....."

"ဒါဆို လူကြီး အကုန်သိခဲ့တာပေါ့
Lu ဘာလို့ ဒီလိုဖြစ်သွားတာလဲရော
မသိချင်ဘူးလား......"

"တချို့မေးခွန်းတွေက မေးဖို့
မလိုဘူးလေ.....Xiao Lu
ဥပမာ ကိုယ် ကျောင်းဆေးခန်းကို
လာခဲ့တုန်းက မင်းနဲ့ သူနဲ့ ဖက်နေတာတို့
ခုလည်း အိမ်ရှေ့မှာ မပြီးနိုင် မစီးနိုင်
အလွမ်းသယ်နေကြတာတို့ကို
ဘာလို့လဲဆိုတဲ့ အကြောင်းပြချက်တွေ
ကိုယ် မေးမိလို့လား......"

"အဟက်......မကောင်းတဲ့ လူကြီး"

"ဘယ်သူက စပြီး မှားတာလဲ......ကလေးရယ်"

ကျနော် သူ့လက်ထဲက သဘက်ကို ဆွဲယူလိုက်တယ်
ကျောပေးထိုင်နေရာမှ မတ်တပ်ရပ်လိုက်ပြီး
သူ့ကို မျက်နှာချင်းဆိုင် စေ့စေ့ကြည့်မိတယ်......

"အင်း......Lu မှားတာလေ
အဲ့လိုတွေ မှားတော့ရော လူကြီးက
ကျနော့်ကို မချစ်ပဲ နေနိုင်လို့လား
ကျနော် မရှိပဲ နေနိုင်လို့လား......"

"ဟင်း......စကားတွေ သိပ်တတ်လာတာပဲ"

"ဖြေလေ....."

"Xiao Lu နေစေချင်တယ်ဆို ကိုယ်က
နေပေးရမှာပေါ့......
မင်း မရှိပဲ ကိုယ်နေခဲ့တာ 29 နှစ်တောင်လေ
6လ လောက်ပဲ အတူရှိနေရသေးတဲ့
ကလေးမရှိလည်း နေပေးတတ်ရမှာပေါ့"

"ခင်ဗျား တကယ် ပြောနေတာနော်.....လူကြီး"

"မယုံဘူးလား.....ကလေးက"

"အဟက်......ယုံပါတယ်"

"ရည်းစားနှစ်ယောက်ကို ပြိုင်တူတွဲနေတဲ့လူကို
ဘေးနားမှာထားပြီး ချစ်နေရတာထက်စာရင်
ဘေးမှာမရှိတော့တာက ပိုကောင်းမလားဟင်"

"ဘာ!!!! ရည်းစားနှစ်ယောက်"

"အင်းလေ......တလောကလုံး သိနေတာက
ကလေးက Kim Jongin ရဲ့ ချစ်သူမလား"

•~ ENDLESS ~•Where stories live. Discover now