အခန်းတံခါးကို ဖွင့်ဝင်လိုက်တော့
ဧည့်ခန်းထဲမှာ သူ့ကို မတွေ့ရ......
စာကြည့်ခန်းထဲမှာ ထင်တယ်.....
ထားလိုက်.....ပြန်ရောက်ပြီဆိုတဲ့ အကြောင်း
သူ့ကို တကူးတက သွားပြောပြီး
မနှုတ်ဆက်ချင်တော့
ကျနော် ပြန်ရောက်လာတာ
သူ အသံကြားမှာပဲဟာ......
လန်းဆန်းသွားအောင်လို့ ခေါင်းကို
ရေလောင်းချိုးလိုက်ပေမဲ့
တစ်ဖက်တည်းပဲ အသုံးပြုလို့ရတဲ့
လက်က သိပ်ပြီး အဆင်မပြေ......
တဘက်နဲ့ ခေါင်းသုတ်ဖို့
လက်မြှောက်လိုက်တော့
ဘယ်ဘက်လက်က ဒဏ်ရာတွေက
တဆစ်ဆစ်နဲ့ နာလာတာ......
မတတ်နိုင်တော့တဲ့အဆုံး dryer နဲ့ပဲ
ခြောက်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်.....
သူ မကြိုက်ပေမဲ့ လည်းပေါ့.....
"Dryer နဲ့ မှုတ်နေပြန်ပြီလား.....ကလေး"
"ဟင်.....အင်း"
"သဘက်ပေး......ကိုယ် သုတ်ပေးမယ်"
ချစ်သူရည်းစားတွေ မဟုတ်ကြတော့တဲ့အတိုင်း
အနေအထိုင် မတတ်စွာ လူက ကျုံ့ကျုံ့ရုံ့ရုံ့......
"လက်က ဘာဖြစ်တာလဲ.....Xiao Lu"
"အင်း.....ဒီတိုင်းပါပဲ
ကျောင်းမှာ နည်းနည်း ထိခိုက်မိတာ"
"အများကြီး ထိသွားတာလား"
"မဟုတ်ပါဘူး....."
"နာနေလား......"
"ဟင့်အင်း.....Lu အဆင်ပြေတယ်"
အနည်းငယ် ပွယောင်းယောင်း ဖြစ်လာတဲ့
ဆံပင်တွေကို ခြောက်မခြောက် သူက
စမ်းကြည့်လေတယ်......
"သိပ်မခြောက်သေးဘူး"
"အင်း......ဒါနဲ့လေ လူကြီး
မနက်က ကျောင်းကို လာသေးလား"
"မလာပါဘူး.....ကိုယ်က ဘာလို့
လာရမှာတုန်း"
"ဪ......အင်းနော်"
"ဘာလို့လဲ......"
"ဘာမှ မဟုတ်ပါဘူး....."
"အမှန်က ကိုယ်လာခဲ့တယ်.....Xiao Lu"
အလန့်တကြား သူ့ကို မော့ကြည့်ချင်ပေမဲ့
ခေါင်းသုတ်ပေးဖို့ ရည်ရွယ်ထားတဲ့
သူ့လက်တွေဟာ ကျနော့်ကို
ခေါင်းမော့မကြည့်စေရန် အတွက်လည်း
ထိန်းချုပ်ထားတယ်.....
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 18
Start from the beginning
