"အိပ်ကြရအောင်.....လူကြီး"

မျက်နှာချင်းဆိုင် အိပ်စက်မှုမှာ
အရင်အိပ်မောကျသွားတာက သူ......

ကျနော့်ခါးပေါ် သိုင်းဖက်ထားတဲ့
သူ့လက်ကို ခပ်ဖွဖွ ပွတ်သပ်နေမိတယ်.......

ဒီလို အခြေအနေမျိုးမှာတောင် ခုလို
အိပ်မောကျရသလားဆိုပြီးလည်း
စိတ်ထဲ မနာကျည်းချင်တော့......

စီးပွားရေးလုပ်ငန်းရှင် ပီသလွန်းတဲ့ သူဟာ
ခုလို ညဘက် အိပ်စက်အနားယူချိန်မှာ
သိပ်ကို ပင်ပန်းနေတော့မှာ မလား......

နာကျင်အောင် လုပ်နေတဲ့ တရားခံဟာ
ခင်ဗျားကိုယ်တိုင်ပဲ ဆိုတာကိုကျ
ခင်ဗျားက သတိမထားမိပဲနဲ့
နာကျင်နေချိန်မှာ နှစ်သိမ့်ပေးတဲ့လူကိုကျ
အပြစ်တင်ချင်တယ်......

ခင်ဗျားသာ မနာကျင်စေခဲ့ရင်
သူလည်း နှစ်သိမ့်ပေးဖို့ လိုတော့မှာ
မဟုတ်ဘူးလေ.....လူကြီးရယ်

ကျနော်တို့အချစ်ကို ခင်ဗျားက
နောင်တရတယ်လို့ ပြောခဲ့သလို
ခု ကျနော်လည်း နောင်တရပြီ ထင်ပါတယ်......

ကျနော် သူ့ကို ချစ်ရဲ့သားနဲ့
လက်လွှတ်ခဲ့ရတယ်မလား.......

ခင်ဗျားရဲ့ ချဉ်းကပ်မှုတွေကို
မတွန်းလှန်နိုင်စွာ ကျရှုံးမှုတွေက
ခုတော့ ကျနော့်ကို နောင်တရစေပြီ......

မျက်ဝန်းတွေ မှေးမှိတ်ထားတဲ့
သူ့မျက်နှာချောချောကို တမေ့တမော
ငေးကြည့်ဖြစ်တယ်......

သူ့လက်မောင်းပေါ် ခေါင်းအုံးထားရင်းကနေ
ရင်ခွင်ထဲကို ပိုလို့ တိုးဝင်ရင်း
သူ့ကိုယ်သင်းနံ့ကို မွတ်မွတ်သိပ်သိပ်
နမ်းရှိုက်ဖြစ်တယ်.......

အရမ်း မက်မောရတဲ့ သူ့နှုတ်ခမ်းပါးတွေကို
အသာ ထိတွေ့နေရင်း အလွတ်ကျက်ဖြစ်တယ်......

လက်ဖျားလေးတွေ တစ်ခုချင်းစီကို
ညင်ညင်သာသာ ငုံနမ်းဖြစ်တော့
မမျှော်လင့်ပဲ မျက်ရည်တွေက ကျလာတယ်......

ကလေးငိုတာ မြင်ရင် ကိုယ်ရင်နာတယ်ဆိုတဲ့
သူ့စကားတစ်ခွန်းကို နာခံတတ်စွာ
သူ့ရင်ခွင်ထဲ တိုးဝှေ့ရင်းသာ
နင့်နင့်သည်းသည်း ငိုဖြစ်ခဲ့တယ်......

Lu အမှန်တရားကို
လက်ခံသင့်နေပြီ.....လူကြီးရေ
ခင်ဗျားက ကျနော့်ကို ချစ်တာ
မဟုတ်ဘူး......ပိုင်ဆိုင်ချင်နေတာ

ကျနော်က ခင်ဗျားအတွက် မရှိမဖြစ်
မဟုတ်ဘူး......ရှိနေရင် ပိုကောင်းမယ်ထင်လို့
ခင်ဗျား ကျနော့်ကို ရွေးချယ်ခဲ့တာ

ခင်ဗျားကို သိပ်ချစ်ပြခဲ့ချင်ပေမဲ့
ခင်ဗျားက ကျနော့် မျှော်လင့်ချက်တွေကို
အမြဲ ရိုက်ချိုးပစ်ခဲ့တယ်......

အနာဂါတ်မှာ ကျနော်တို့အကြောင်းကို
ခင်ဗျား ပြန်စဉ်းစားဖြစ်ခဲ့ရင်
ကျနော် ခင်ဗျားကို သိပ်ချစ်ခဲ့ပါတယ်ဆိုတာကိုတော့
အမြဲ ယုံကြည်နေပေးမယ် မဟုတ်လား.......

ကိုုယ့်ကိုကိုယ် သိပ်ချစ်တတ်လွန်းတဲ့ ခင်ဗျား.....
နောင်လည်း ကိုယ့်ကိုကိုယ် တန်ဖိုးထားရင်း
အမြဲတမ်း ပျော်ရွှင်နေနိုင်ပါစေ.......

ဒီတခါတော့ ကျနော်တို့
တကယ် ဝေးကြရအောင်......လူကြီးရေ

~•~•~•~•~•~•~•~•~•~•~•~•~•~•~•

အချစ်ဆိုတာ အပြန်အလှန် ချစ်နေရုံနဲ့
မပြီးဘူးလို့ ကျနော် နားလည်လာချိန်မှာ
နှလုံးသားကတော့ဖြင့် နာကျင်စွာ
လောင်ကျွမ်းနေခဲ့လေပြီ~~~~~

နားလည်မှုတွေ တည်ဆောက်ဖို့
ကြိုးစားမိချိန်မှာ ကျနော်တို့က
တံတိုင်းကြီး ခြားလို့
ဝေးကွာနှင့်နေကြပြီ~~~~~

သံသယတွေကို ဖျောက်ဖျက်ဖို့
ကြိုးပမ်းချိန်မှာ ကျနော်တို့ကြားထဲ
မုန်တိုင်းတောင် ဝင်နေခဲ့ပြီ~~~~~

ခင်ဗျားကို မုန်းမိဖို့ လုံးပမ်းနေချိန်မှာ
မသိစိတ်က ခင်ဗျားကို ခပ်ဝေးဝေး
တွန်းထုတ်နေနှင့်ပြီ~~~~~

အဆုံးသတ်မှာ
ကျနော်တို့ အေးချမ်းသွားကြမှာပါ.....

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•
To be continued......

•~ ENDLESS ~•Donde viven las historias. Descúbrelo ahora