ကျနော် ခင်ဗျားကို သိပ်ချစ်တာ.....လူကြီးရယ်
"ကလေး......သေချာတာတစ်ခုကလေ
ကိုယ် မင်းကို ဘယ်တော့မှ ထားမသွားဘူး"
အဟက်......ကျနော့်ဘက်က စပြီး
ထားသွားဖို့ပဲ ခင်ဗျားက အမုန်းတွေကို
ဖန်တီးတော့မှာ မဟုတ်လား
"ဒါမဲ့လေ.....ကလေး ထွက်သွားမယ်ဆိုလည်း
ကိုယ် ဆွဲထားမှာ မဟုတ်ဘူး"
ဘာလဲ......
ထားခဲ့ခံရခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ
အချစ်တတ်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို
ခင်ဗျားက ဖက်တွယ်ချင်နေသေးတာလား......
အတ္တကြီးလိုက်တာ......ခင်ဗျားရယ်
ကျောင်းက လူတွေရဲ့ အထင်လွဲမှားမှုနဲ့
ချစ်သူလို့ ထင်ခံထားရတဲ့
ကျနော်တို့နှစ်ယောက်ထက်စာရင်
တစ်နိုင်ငံလုံးကို ချစ်သူတွေပါလို့ ဝန်ခံထားတဲ့
ခင်ဗျားတို့နှစ်ယောက်ရဲ့ ပက်သက်မှုကြီးက
ပိုပြီး အပြစ်မကြီးလေဘူးလား......
"ကိုယ် မင်းကို အမြဲချစ်တယ်.....ကလေး"
နဖူးပြင်ပေါ် ခပ်ဖွဖွ ကြွေကျလာတဲ့
အနမ်းတစ်ခုဟာ သိမ်မွေ့စွာ နွေးထွေးနေဆဲ......
ခင်ဗျား ဘယ်အချိန်အထိ ကျနော့်အပေါ်
ကြင်နာနိုင်မှာလဲ......
ကိုယ့်ကို အမြဲ ကမ်းလင့်နေတဲ့
လက်တစ်စုံကို ဖြုတ်ဖြုတ်ချပြီး
ခင်ဗျားရဲ့ အေးစက်စက် လက်တွေကိုပဲ
ကျနော် အားကိုးတကြီး ဖက်တွယ်ခဲ့တာ......
ခင်ဗျားရဲ့ အတ္တတွေထဲ ကျနော်
လှောင်ပိတ်မနေချင်တော့ဘူး.....လူကြီး
ချစ်တယ်လို့ တဖွဖွ အပြောခံရတာထက်စာရင်
ချစ်ကြောင်းကို အမူအရာတွေကနေပဲ တစ်ဆင့်
တိုးတိတ်စွာ ပြောတတ်တဲ့ သူ့ကို ကျနော်
ပိုခင်တွယ်မိပါတယ်.......
ဒါဟာ မကွယ်မဝှက် ဝန်ခံရဲတဲ့
ကျနော့်ရဲ့ ရှက်ရွံ့မှုတစ်ခု......
အမြဲတမ်း ကျနော့်ကို ကျောခိုင်းထားတတ်တဲ့
ခင်ဗျားထက်စာရင် နောက်မှာ အချိန်ပြည့်
မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ သူ့က်ို
ကျနော် ရွေးချယ်သင့်တယ်မလား.......
သေချာပါတယ်......ခင်ဗျားရယ်
ကျနော်တို့တွေ ဝေးသွားကြမှာပါ
မချစ်တော့တာမဟုတ်ပဲနဲ့
ချစ်ဖို့ကို မဝံ့ရဲတော့တဲ့ ကျနော်တို့တွေ
ဝေးကြရတော့မယ် ထင်တယ်.......
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 18
Start from the beginning
