"ဟင်း......စကားတွေ သိပ်တတ်လာတာပဲ"

"ဖြေလေ....."

"Xiao Lu နေစေချင်တယ်ဆို ကိုယ်က
နေပေးရမှာပေါ့......
မင်း မရှိပဲ ကိုယ်နေခဲ့တာ 29 နှစ်တောင်လေ
6လ လောက်ပဲ အတူရှိနေရသေးတဲ့
ကလေးမရှိလည်း နေပေးတတ်ရမှာပေါ့"

"ခင်ဗျား တကယ် ပြောနေတာနော်.....လူကြီး"

"မယုံဘူးလား.....ကလေးက"

"အဟက်......ယုံပါတယ်"

"ရည်းစားနှစ်ယောက်ကို ပြိုင်တူတွဲနေတဲ့လူကို
ဘေးနားမှာထားပြီး ချစ်နေရတာထက်စာရင်
ဘေးမှာမရှိတော့တာက ပိုကောင်းမလားဟင်"

"ဘာ!!!! ရည်းစားနှစ်ယောက်"

"အင်းလေ......တလောကလုံး သိနေတာက
ကလေးက Kim Jongin ရဲ့ ချစ်သူမလား"

ရင်ထဲ စူးစူးနစ်နစ်ကို နာကျင်လာတယ်......
မျက်လုံးအကြည့်တွေမှာ ဘယ်လိုအဓိပ္ပါယ်တွေ
ပျော်ဝင်နေပြီလဲ ခင်ဗျား မရိပ်မိဘူးလား......
ကျနော့်ကို မုန်းတတ်အောင် သင်ပေးနေတာလား

"ကိုယ်ကတော့ဖြင့် ယောကျာ်းလေးချင်း
ချစ်နေကြတာသိသွားကြရင် ကလေး
အနေကျုံ့မှာစိုးလို့ အားလုံးကို
လိုက်ဖုံးကွယ်ခဲ့တာ......
ကလေးကကျ ကျောင်းမှာ
သူနဲ့ ပြောင်ပြောင်တင်းတင်းကို
ချစ်သူတွေအဖြစ် နေနေကြတယ်မလား"

"အပိုတွေ မပြောစမ်းပါနဲ့......ခင်ဗျားရယ်
ကျနော့်ကြောင့် မဟုတ်ပဲလည်း
ဒီကိစ္စကို ခင်ဗျား ဖွင့်မပြောရဲပါဘူး
ခင်ဗျားလုပ်ငန်းတွေ ထိခိုက်မှာ
သိပ်ကြောက်တယ်မလား"

"ကလေး......တကယ်ပဲ
ကိုယ်နဲ့ ဝေးချင်နေတာလား"

"ခင်ဗျားကရော ကျနော့်ကို
ဆွဲထားချင်သေးလို့လား......"

တကယ်ပါ.....ခင်ဗျားရယ်
ကျနော်တို့ အချစ်က သိပ်ကို
ပြဇာတ်ဆန်လွန်းခဲ့တယ်......

အချစ်တတ်ဆုံးဆိုတဲ့ ကျိန်စာတွေ ကြားမှာ
သူက ငါ့လောက်တော့ဖြင့် မချစ်ပါဘူးဆိုတဲ့
အတ္တတွေနဲ့ လောင်မြိုက်ခဲ့ကြတယ်.......

ကျနော်တို့ရဲ့ မဟားတရားအချစ်တွေကပဲ
ကျနော်တို့ကို ဝေးကွာစေတော့မယ်ထင်တယ်.....

•~ ENDLESS ~•Where stories live. Discover now