ကောလဟလ ဘုရင်​မ (၁)

19.9K 1.3K 33
                                    

#အနုပညာလောက သတင်းခေါင်းကြီး၊ ကျန့်​ညန်​ မကျေနပ်​တိုင်း သောင်းကြမ်း...#

ဖြောင်း...!

မင်​ရှု မျက်​လုံးနှစ်​လုံး ပွင့်​လာတာနဲ့ ကြားလိုက်​ရတဲ့ အသံကြောင့်​ လန့်​ဖြန့်​သွားရတယ်။ သူမ အသံလာရာဘက်​ကို လှည့်​ကြည့်​လိုက်​တော့ ရှေးခေတ်​အပြင်​အဆင်​ ခင်းကျင်းထားသော နေရာငယ်​လေးမှာ ရှေးအဝတ်​အစားတွေ ဝတ်​ဆင်​ထားတဲ့ ယောက်ျားနှစ်​ယောက်​ကို တွေ့လိုက်​ရလေတယ်။

ဒီအခင်းအကျင်းရဲ့ အပြင်​မှာတော့ သူတို့ကို ရိုက်​ကူးနေတဲ့ စက်​ကိရိယာပေါင်းစုံရှိနေလေရဲ့။

'ရုပ်​ရှင်​ရိုက်​နေတာ...!'

ဒီအတွေးတစ်​ခုက မင်​ရှု စိတ်​ထဲမှာ ချက်​ချင်းဆိုသလို ပေါ်လာခဲ့တယ်။

"ဆောရီး... ဒါရိုက်​တာ ကျွန်​မ ပြန်​လုပ်​ကြည့်​လို့ ရဦးမလား..." လို့ အနီရောင်​ဝတ်​ မိန်းမငယ်​က နွဲ့နောင်းနောင်း လေသံနဲ့ ဆိုလာတယ်​။ သူမက ခုနကလေးတင်​ သူမ ပါးရိုက်​လိုက်တဲ့ မိန်းကလေးကို ကျေနပ်​အားရနေဟန်​နဲ့ ပြန်​ကြည့်​လိုက်​သေးတာ။

"ပြန်​ရိုက်​ကြမယ်​..." ဒါရိုက်​တာကတော့ စိတ်​ရှည်​စွာ ပြန်​ပြောလိုက်​သတဲ့။

ကျန်​ရုပ်​ရှင်​အဖွဲ့သားတွေအတွက်​ကတော့ ဒီလို အရေးအရာတွေမှာ ဝင်​စွက်​ခွင့်​မရှိ။ ရိုက်​ဆိုတော့လည်း ပြန်​ရိုက်​ကြရတော့တာပေါ့။

မင်​ရှု ပတ်​ပတ်​လည်​ကို ကြည့်​လိုက်​တော့ သူမကိုယ်​တိုင်​က ထိုရှေးအဝတ်​အစား အထူထဲကြီးများကို ဝတ်​ဆင်​လျင်​ ထိုင်​နေမိသည်​ကို သိလိုက်​ရတယ်။

မင်​ရှု ခေါင်းထဲ မေးခွန်းများ အစီအရီရောက်​လာတော့တယ်။ သူမ နားမလည်​နိုင်​။

'ငါ ဘယ်​သူလဲ...

ငါ ဘယ်​ရောက်​နေတာလဲ...

ငါ ဘာလုပ်​နေတာလဲ...'

"အစ်​မကျန့်​ညန်​... ကြည့်​ရတာ သူတို့ ကြာဦးမယ်​ ထင်​တယ်... အစ်​မ အနောက်​ဘက်​သွားနားနေပါလား... အစ်​မအလှည့်​ရောက်​ရင်​ ကျွန်​မ ခေါ်လိုက်​မယ်​လေ..." ရုတ်​တရက်​ဆိုသလို၊ သူမအနားကို တစ်​စုံတစ်​ယောက်​ ချည်းကပ်​လာပြီး အကြံပေးလာတယ်။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now