စာရွက်ကို နဂိုနေရာ ပြန်ထားပြီး.. မနက်စာ စားဖို့ ထွက်လာလိုက်သည်။ မနေ့ထဲက ဘာမှမစားရတာ..အခုမနက် တော်တော် ဆာနေပြီ.. ။
အုပ်ဆောင်း သေးသေးလေးနဲ့ အုပ်ထားပြီး... ပေါင်မုန့်မီးကင်ကို ယိုသုတ်ထားသည်။ ဘေးမှာ ကော်ဖီခွက်နဲ့ ။
အရသာရှိရှိစားပါ CEO nim
ဘေးမှာ ထပ်တွေ့ရတဲ့.. note စာရွက်..
ခုံမှာ ထိုင်ပြီး..chanyeol လုပ်ပေးသွားတဲ့ မနက်စာကို ထိုင်စားနေသည်။
Chae က မနက်စာအတွက် ဒီလိုတွေ မပြင်ဆင်ပေးပေ..။engery ပြည့်ဝမဲ့ဟာမျိုးတွေကို ဂရုတစိုက်လုပ်ပေးတတ်တဲ့လူမျိုး..။
အိမ်မှာလို.. chae သေသေချာချာ ပြင်ဆင်ပေးတဲ့ အစားအစာ မဟုတ်ပေမဲ့.. ထူးထူးဆန်းဆန်း baekhyun ပါးစပ်ထဲ အကြိုက်တွေ့ မိသည်။
အလုပ်သွားဖို့ အကျီဝတ်ရန် မရှိပေ..။ Chanyeol ရဲ့ အဝတ်ခန်းကို သွားကာ..သင့်တော်မဲ့ဟာ သွားရွေးဖို့ ထွက်လာလိုက်သည်။
အကျီတွေ အဆင်မပြေတာကြောင့်..နောက်ဆုံး အလုပ်မသွားဖို့သာ လုပ်လိုက်ရတော့သည်။
အွန်လိုင်းကနေ မှာဖို့ စဉ်းစားပေမဲ့.. ကိုယ်က လာနေချင်လို့ လာတာမဟုတ် Parkchanyeol l အတင်းခေါ်လာတာသာ ဖြစ်သည်။ဝယ်ပေးမဲ့ ဝယ်ပေး သူပဲ ဝယ်ပေးသင့်တာကြောင့် မမှာတော့ပေ..။
အိမ်မှာ ဝတ်ဖို့.. chanyeol ရဲ့ အကျီ over size ကြီးကို ထုတ်ထားသည်။...ဘောင်းဘီတွေ ကောက်စွတ်ပေမဲ့.. ခါးနေရာ မတော်တာ တော်တော် ဒုက္ခ ရောက်သည်။
ဟူးလ်.. လူ့ဘီလူးကောင်
မတတ်နိုင်တဲ့အဆုံး...ဝတ်ထားတဲ့ bathrobe ကို ချွတ်ချကာ..chanyeol ရဲ့ oversize hoodie ကြီး ကို ဝတ်လိုက်သည်။
အဝတ်ခန်းထဲက နံရံထက်မှာ တပ်ထားတဲ့. CCTV ကင်မရာ တစ်လုံးကို baekhyun မမြင်ပေ..။
%&%&*%&%&
Wow, ခင်ဗျားကတော့ လုံးဝ sexy ကျတယ်
Chanyeol ဖုန်းထက်ကနေ အဝတ်ခန်း CCTV ကို ကြည့်နေသည်။
ဖုန်းထက်ပေါ်နေတာက.. အဝတ်လဲနေတဲ့ baekhyun ရဲ့ ပုံရိပ်တွေ..
Chanyeol
အနားကို manager hyung ရောက်လာသည်။
အနား လူရောက် လာလို့ ဖုန်းကို ပါဝါ ပိတ်လိုက်ပြီး..
ရိုက်တော့မယ် တဲ့လား...
မဟုတ်ပါဘူး.. break time က မပြီးသေးပါဘူး
..
မင်း ထူးဆန်းနေလို့.. အခုတလော.. ကလပ်တွေ ဘာတွေ သိပ်မသွားသလို.. တွဲနေတဲ့ မိန်းကလေးလည်း မရှိလို့...
ငြိမ်နေပါလား လို့
Chanyeol ဘာမှပြန်မဖြေဘဲ.. ပြုံးရုံပြုံး နေသည်။ ပိုစိတ်ဝင်စားစရာတွေ့နေတာ သူတို့မသိကြပါဘူး ။
အခုရက်ပိုင်း..ဆက်တိုက် schedule ရှိတယ်နော်.. ပျင်းလို့ .မလုပ်ဘူး မပြောနဲ့.. မင်းကိုယ်တိုင် လက်ခံထားတာတွေ
Chanyeol ကို ပြောပြီး.manager hyung ထွက်သွားတော့သည်။
ဖုန်းကို ပြန်ဖွင့်ကြည့်တော့.. အဝတ်လဲခန်းထဲ baekhyun မရှိတော့.... ။
%&%&*%&%&
နေ့လည်စာ ဘာစားမလဲ မေးမလို့.. ဖုန်းဆက်နေတာ.. လွန်ခဲ့တဲ့ တစ်နာရီထဲက.. အခုထိ ဖုန်းမအားသေးဘူးဘဲ ဖြေနေသေးသည်။
Byunbaekhyun. ဘယ်သူနဲ့ ဒီလောက်တောင် ဖုန်းပြောနေတာလဲ
ခဏနေတော့..Baekhyun စီကဝင်လာတဲ့ ဖုန်း...
ဘာလဲ
ငါ မေးရမှာလေ.. ဖုန်းဆက်တာ မင်းမဟုတ်ဘူးလား Parkchanyeol
နေ့လည်စာ ဘာဝယ်လာရမလဲ လို့
အဆင်ပြေတာ..ဝယ်ခဲ့... မြနိမြန်ပြန်လာ ငါ ဗိုက်ဆာနေပြီ honey
အာ.. နောက်ပြီး. ကိုယ့်အတွက် အကျီ ဝယ်ခဲ့ပေး...အလုပ်သွားဖို့ အကျီမရှိလို့ ဒီနေ့တောင် မသွားရဘူး
ဖုန်းမအားလို့ ..ကြည့်လို့မရဖြစ်နေတာ.သေချာတယ်... သူ့မိန်းမနဲ့ ပြောနေတာ နေမှာ..
အမြင်ကတ်ကတ်နဲ့ အိမ်မှာ နေနေတဲ့ သုံးရက်လုံး
ဝတ်လစ်စတစ် နဲ့သာ ထားပစ်လိုက်ချင်သည်။အဲ့ Byunbaekhyun ကို
%&%&*%&%&
3.5.2019
YOU ARE READING
Just~~~{[Completed]}
Fanfictionမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))
Just~ 11
Start from the beginning
![Just~~~{[Completed]}](https://img.wattpad.com/cover/172979921-64-k524843.jpg)