အနီကွက်တွေ...

လည်ပင်း ညှပ်ရိုးတွေမှာလည်း အနီကွက် များစွာ..ခရမ်းပုတ်ရောင် ထနေတာတွေလည်း ရှိတယ်...

Tak.. စိတ်ပျက်စရာတွေ

အဝတ်နဲ့ ဖုံးအုပ်ပစ်လိုက်ပြီး..ရေချိုးခန်းထဲက ထွက်လာလိုက်သည်။
ကုတင်ပေါ် ခြေချိတ် ထိုင်နေသူကို

မင်းက ဘယ်မှာ အိပ်မှာလဲ...

Chanyeol အထူးအဆန်း မျက်လုံးနဲ့ Baekhyun ကို ကြည့်လာသည်။

ဒီမှာပဲ အိပ်မှာလေ... ဒီအိမ်မှာ အိပ်ခန်းကို တစ်ခန်းပဲ ထားထားတာ

ဘာ!!! မင်းနဲ့ တူတူ အိပ်ရမှာ...
Ya! ငါ့အိမ်မှာတောင်.. ငါတစ်ယောက်တည်းနေတာ..Chae နဲ့တောင် တစ်ခန်းထဲ မနေ....

Baekhyun ပြောနေရင်း တန်းလန်း ရပ်သွားသည်။

Arshi!! ငါ ဘာလို့ အရေးမပါတာတွေ ပြောလိုက်ပါလိမ့်

Chanyeol မျက်လုံးတွေ လက်လာပြီး...

တကယ်လား.. ခင်ဗျား မိန်းမနဲ့ တစ်ခန်းထဲ တူတူ မနေဘူးပေါ့ ...

မင်းနဲ့ ဘာဆိုင်လဲ... ကိုယ့်နေရာမှာ ကိုယ်နေ

အို.. အဲ့ဒါဆို.. ခင်ဗျားနဲ့ အတူ နေဖူးတာ ကျွန်တော်ပဲ ရှိတာပေါ့
ခင်ဗျားရဲ့ အတွင်းသားအလှ တွေ ကျွန်တော်ပဲ မြင်ဖူးတာပေါ့

တော်တော့.. Parkchanyeol

Baekhyun စိတ်တိုလာပြီး..အိပ်ရာထက် စောင်ခြုံကာ လှဲအိပ်သွားသည်။
Chanyeol မှာ အူမြူးစွာ..Baekhyun အိပ်နေရာ ဘေးကို ရောက်လာ၏ ။

Byunbaekhyun ထပါဦး

ParkChanYeol, ကျေးဇူးပြုပြီး..ငါ အိပ်ပါရစေ...မင်းကြောင့်..တစ်နေကုန် ပင်ပန်းထားတာလေ .

အဲ့လို လေသံနုနုနဲ့ တောင်းဆိုနေတော့လည်း...Chanyeol ငြိမ်ငြိမ် နေပေးလိုက်သည်။

           %&%&*%&%&

Baekhyun နိုးလာတော့.. ညကဘေးမှာ အိပ်ခဲ့တဲ့သူ...Chanyeol ရှိမနေ ..
အဲ့ဒီအစား..Chanyeol ခေါင်းအုံး ပေါ်မှာ..memo note စာရွက်လေးတစ်စောင် သာရှိနေသည်။

ရိုက်ကွင်း ရှိလို့ ..စောစော သွားတယ်.. စားပွဲပေါ် မနက်စာ ထားခဲ့တယ်... စားပြီး ရုံးသွား CEO nim ><
Memo စာရွက်လေး ဖတ်ပြီး..ပြုံးစရာလည်း မရှိဘဲ ပြုံးနေတဲ့ Baekhyun..

Just~~~{[Completed]}Where stories live. Discover now