Chanyeol မျက်လုံးတွေ လက်လာပြီး...

”တကယ်လား.. ခင်ဗျား မိန်းမနဲ့ တစ်ခန်းထဲ တူတူ မနေဘူးပေါ့ ... ”

”မင်းနဲ့ ဘာဆိုင်လဲ... ကိုယ့်နေရာမှာ ကိုယ်နေ ”

”အို.. အဲ့ဒါဆို.. ခင်ဗျားနဲ့ အတူ နေဖူးတာ ကျွန်တော်ပဲ ရှိတာပေါ့
ခင်ဗျားရဲ့ အတွင်းသားအလှ တွေ ကျွန်တော်ပဲ မြင်ဖူးတာပေါ့ ”

”တော်တော့.. Parkchanyeol ”

Baekhyun စိတ်တိုလာပြီး..အိပ်ရာထက် စောင်ခြုံကာ လှဲအိပ်သွားသည်။
Chanyeol မှာ အူမြူးစွာ..Baekhyun အိပ်နေရာ ဘေးကို ရောက်လာ၏ ။

”Byunbaekhyun ထပါဦး ”

”ParkChanYeol, ကျေးဇူးပြုပြီး..ငါ အိပ်ပါရစေ...မင်းကြောင့်..တစ်နေကုန် ပင်ပန်းထားတာလေ . ”

အဲ့လို လေသံနုနုနဲ့ တောင်းဆိုနေတော့လည်း...Chanyeol ငြိမ်ငြိမ် နေပေးလိုက်သည်။

                      %&%&*%&%&

Baekhyun နိုးလာတော့.. ညကဘေးမှာ အိပ်ခဲ့တဲ့သူ...Chanyeol ရှိမနေ ..
အဲ့ဒီအစား..Chanyeol ခေါင်းအုံး ပေါ်မှာ..memo note စာရွက်လေးတစ်စောင် သာရှိနေသည်။

”ရိုက်ကွင်း ရှိလို့ ..စောစော သွားတယ်.. စားပွဲပေါ် မနက်စာ ထားခဲ့တယ်... စားပြီး ရုံးသွား CEO nim >< ”
Memo စာရွက်လေး ဖတ်ပြီး..ပြုံးစရာလည်း မရှိဘဲ ပြုံးနေတဲ့ Baekhyun..

စာရွက်ကို နဂိုနေရာ ပြန်ထားပြီး.. မနက်စာ စားဖို့ ထွက်လာလိုက်သည်။ မနေ့ထဲက ဘာမှမစားရတာ..အခုမနက် တော်တော် ဆာနေပြီ.. ။

အုပ်ဆောင်း သေးသေးလေးနဲ့ အုပ်ထားပြီး... ပေါင်မုန့်မီးကင်ကို ယိုသုတ်ထားသည်။ ဘေးမှာ ကော်ဖီခွက်နဲ့ ။

”အရသာရှိရှိစားပါ CEO nim ”

ဘေးမှာ ထပ်တွေ့ရတဲ့.. note စာရွက်..

ခုံမှာ ထိုင်ပြီး..chanyeol လုပ်ပေးသွားတဲ့ မနက်စာကို ထိုင်စားနေသည်။

Chae က မနက်စာအတွက် ဒီလိုတွေ မပြင်ဆင်ပေးပေ..။engery ပြည့်ဝမဲ့ဟာမျိုးတွေကို ဂရုတစိုက်လုပ်ပေးတတ်တဲ့လူမျိုး..။
အိမ်မှာလို.. chae သေသေချာချာ ပြင်ဆင်ပေးတဲ့ အစားအစာ မဟုတ်ပေမဲ့.. ထူးထူးဆန်းဆန်း baekhyun ပါးစပ်ထဲ အကြိုက်တွေ့ မိသည်။

Just~~~{[Completed]}Où les histoires vivent. Découvrez maintenant