”စားချင် အသီးတော့ ရှိတယ် ခွဲပေးရမလား..အသီးခွာတာတော့ ကျွမ်းပါတယ် စိတ်ချ ”

”ကျေးဇူးအရမ်းတင်တယ်.. မစားတော့ဘူး...သက်သက် အငတ်ထားမလို့..ငါ့ကို အိမ်ခေါ်လာတာလားမသိဘူး tak.. ”

Baekhyun ပြောရင်း..အိမ်ရှေ့သာ ထွက်သွားတော့သည်။

Chanyeol ကတော့ လှမ်းအော်ပါတယ်..
”ညစာ အပြင်မှာ သွားစားမလား ” လို့

Baekhyun ဘာမှ ပြန်မဖြေတာတော့ သူလည်းမတတ်နိုင်ဘူးလေ ။

                        %&%&*%&%&

Parkchanyeol ကျေးဇူးနဲ့  ..တစ်ကိုယ်လုံး နာကျင်နေတာတွေရယ် နှုံးချိ မှုတွေကြောင့်.. မအိပ်ခင် ရေနွေးနွေးလေး စိမ်ပြီး ရေချိုးလိုက်သည်။

ရေချိုးခန်းထဲက ထွက်လာတော့.. ထိုင်ခုံမှာ ထိုင်ရင်း..စာအုပ်ဖတ်နေတဲ့ Chanyeol...

”ကုတင်ပေါ်မှာ.. dressing gown တင်ပေးထားတယ် ”

စာအုပ် အဖတ်မပျက်ဘဲ ပြောလာတဲ့သူ...

Chanyeol ပေးထားတဲ့ အဝတ်ကို ယူကာ..ညဝတ်အိပ်ဖို့.. ဝတ်ဆင်လိုက်သည်။
ရေချိုးခန်းထဲမှာ အဝတ်လဲနေတုန်း...မှန်ထက်မှာ မြင်လိုက်ရတဲ့ ကိုယ့်ပုံရိပ်...

အနီကွက်တွေ...

လည်ပင်း ညှပ်ရိုးတွေမှာလည်း အနီကွက် များစွာ..ခရမ်းပုတ်ရောင် ထနေတာတွေလည်း ရှိတယ်...

”Tak.. စိတ်ပျက်စရာတွေ ”

အဝတ်နဲ့ ဖုံးအုပ်ပစ်လိုက်ပြီး..ရေချိူးခန်းထဲက ထွက်လာလိုက်သည်။
ကုတင်ပေါ် ခြေချိတ် ထိုင်နေသူကို

”မင်းက ဘယ်မှာ အိပ်မှာလဲ... ”

Chanyeol အထူးအဆန်း မျက်လုံးနဲ့ Baekhyun ကို ကြည့်လာသည်။

”ဒီမှာပဲ အိပ်မှာလေ... ဒီအိမ်မှာ အိပ်ခန်းကို တစ်ခန်းပဲ ထားထားတာ ”

”ဘာ!!! မင်းနဲ့ တူတူ အိပ်ရမှာ...
Ya! ငါ့အိမ်မှာတောင်.. ငါတစ်ယောက်တည်းနေတာ..Chae နဲ့တောင် တစ်ခန်းထဲ မနေ....”

Baekhyun ပြောနေရင်း တန်းလန်း ရပ်သွားသည်။

”Arshi!! ငါ ဘာလို့ အရေးမပါတာတွေ ပြောလိုက်ပါလိမ့် ”

Just~~~{[Completed]}Where stories live. Discover now