ကိုင်ပေါက်လာတဲ့ စကားမှာ Baekhyun မငြင်းနိုင်တော့... ။
%&%&*%&%&
နှစ်ယောက်သား...ကားအပြင်ထွက်လာတော့... ညနေစောင်းနေလေပြီ... ။
လေတွေ တိုက်နေတာကြောင့်... အပေါ် အကျီမရှိတဲ့ Baekhyun ခမျာ အေးစိမ့်စိမ့်..
Chanyeol သူ့အပေါ်ထပ်တစ်ထည်ကို ချွတ်လိုက်ပြီး..
”ဝတ်ထား...”
မငြင်းဘဲ baekhyun ယူဝတ်လိုက်သည်။
အောက်က ခဲသေးသေးလေးတွေကို ဖိနပ်ထိပ်နဲ့ ထိုးဆော့နေရင်း...
”ငါ့ကား ဆီကုန်နေတယ်... ထားခဲ့ရမယ်နဲ့ တူတယ် Chanyeol ”
”မထားခဲ့လို့ အဲ့ကားကို တွန်းပြီး ပြန်မလို့လား ”
”Ya!!! စကားကို အကောင်းမပြောဘူး။ သေချင်နေတယ်...Parkchanyeol တော့ ”
Baekhyun စကားကြောင့် Chanyeol ရယ်နေသည်။
”ပြန်တော့မလား.. Baekhyun..
ညနေတောင်စောင်းနေပြီ.. နေ့လည်စာလည်း မစားရသေးဘူး..ဗိုက်ဆာနေပြီမလား.”
”သိပ်တော့ မဆာပါဘူး ဒါနဲ့ ငါ့ကား.. ”
”ကားကို ကပ်စီးနှဲနေသေး...ထားလိုက် ..ဝပ်ရှော့ကို ဖုန်းဆက်ပေးမယ်... ”
”မဟုတ်ဘူး.. Chanyeol... ကားနောက်ခန်းမှာ သိတဲ့အတိုင်း.. ညစ်ပတ်နေတယ်... မင်းနဲ့ငါနဲ့... ”
ပြောမကောင်းတဲ့အရာကို ဆက်မပြောချင်တော့ပါ ။
”ထားလိုက်ပေါ့ ဘာဖြစ်လဲ.. ဟက်
ဘာလဲ ခင်ဗျား ရှက်နေတာလား ”
”ဟေ့ကောင်... အခြေအနေကြည့်တာနဲ့ ဘာလဲ ဆိုတာ သိနေတာကို..
မရှက်ရဘူးလား...အေးလေ မင်းက မွေးထဲက ရှက်ကြိုးဖြတ်မွေးလာတာကို.. ဘယ်ရှက်တတ်မလဲ ”
”ခင်ဗျား image မပျက်စေရပါဘူး... အကုန်စီီစဉ်ပေးမှာမလို့ စိတ်ချ..
ကားကို စိတ်ဖြောင့် လက်ဖြောင့် ထားခဲ့ပါ CEO nim ”
Chanyeol သူ့ကားစီ လျှောက်သွားပြီး ကားစက်နှိုးနေပေမဲ့ Baekhyun ရပ်ကျန်နေခဲ့တုန်း...
”မလိုက်ဘူးလား ဒီမှာကျန်ခဲ့မလို့လား Byunbaekhyun ”
Baekhyunလည်း ကားထဲက ယူစရာရှိတာတွေ ယူလာပြီး..Chanyeol ကားပေါ် တက်ကာ..Chanyeol အိမ်သို့....
YOU ARE READING
Just~~~{[Completed]}
Fanfictionမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))
Just ~ 10
Start from the beginning
![Just~~~{[Completed]}](https://img.wattpad.com/cover/172979921-64-k524843.jpg)