”ကောင်းလိုက်တာ... ကာဗွန်ဒိုင်အောက်ဆိုက်မပါတဲ့. လတ်ဆတ်တဲ့ လေလေး ”
လက်နှစ်ဖက်ကို ရှေ့ဆန့်ပြီး..လေ ရှုရှိုက်ကာ ပြောလာသည်။
”ပျော်နေလား...လေတောင် ရှူနေသေးတယ် ”
”လေမရှူရင် သေမှာပေါ့ အရူးရဲ့
သူကျ မရှူတာကျနေ... ”
Baekhyun ရဲ့ စွာသလို စကားလေးနောက် Chanyeol ပြုံးနေသည်။
”ရှောင်ပြေးနေတာလေးရပ်ပြီး..ကိစ္စလေး လာရှင်းပါဦး..ဦးလေးကြီး ”
”ဘာ!! ဦးလေးကြီး??? သေချင်လို့.. ငါ့ကိုများ ”
Baekhyun မကျေမနပ်နဲ့ Chanyeol ရပ်နေရာ..ကားရှေ့ကို ရောက်လာသည်။
ကားစက်ဖုံးပေါ် ခပ်တည်တည် တက်ထိုင်ပြီး Chanyeol ကို ပြောဆိုတဲ့ သဘောနဲ့ မေးငေါ့ပြလာသည်။
လူသွားလူလာ ပြတ်လတ်ပြီး ကားလည်း ရှင်းတာကြောင့် နှစ်ယောက်သား အေးဆေးပင်..။
”လမ်းခွဲမယ် ဆိုတာ ဘာသဘောလဲ ByunBaekhyun ”
”Oh! ကိုယ် လမ်းခွဲမယ်လို့ မပြောမိပါဘူး...လမ်းခွဲရအောင် ကိုယ်တို့က တစ်ယောက်ကို တစ်ယောက် အရမ်းချစ်နေကြတဲ့ ချစ်သူရည်စားတွေလည်း မဟုတ်...”
”Sorry!! ကျွန်တော် စကားမှားတာ ရပြီလား...
သိပ်ကို လက်ပေါက်ကပ်တဲ့လူပဲ..ခင်ဗျားက...”
Baekhyun ဆီကတုံ့ပြန်မှုမရှိ...။
”ဟုတ်ပြီ! ပတ်သက်မှု ဒီမှာပဲရပ်မယ် ဆိုတာ ဘာသဘောလဲ ”
”မင်း.. စာမတတ်လို့လား ကိုယ့်ကို ပြန်မေးနေရအောင်..
မြင်တဲ့ အတိုင်းပဲလေ.. ”
Baekhyun ပြောပြီး အေးအေးသက်သာပင်ထိုင်နေသေးသည်။
”ခင်ဗျား...ဟူးလ်... တော်တော် စိတ်လျော့ထားရတာပဲ...
ကျုပ် စိတ်ထဲမှာ ခင်ဗျား ဖွက်ဖွက်ညက်ညက် ကြေနေပြီနော် လုပ်ရရင်တော့ ”
”စိတ်တိုနေတာလား...နဖူးကြောတွေ ထောင်နေတယ် ”
Chanyeol နဖူးကို ထိကြည့်နေသည်။
နဖူးမှာ ရောက်နေတဲ့ လက်ကို ဖမ်းယူလိုက်ပြီး...
”သေချာမှတ်ထား..ခင်ဗျားဘယ်တော့မှ ကျွန်တော့လက်ထဲက ထွက်ပြေးလို့မရဘူး...
စတင်ခဲ့တာ ကျွန်တော်...အဆုံးသတ်ကိုလည်း..ကျွန်တော်ပဲ အဆုံးသတ်မယ်...ခင်ဗျား ဆုံးဖြတ်စရာ မလိုဘူး ”
BẠN ĐANG ĐỌC
Just~~~{[Completed]}
Fanfictionမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))
Just ~ 10
Bắt đầu từ đầu
![Just~~~{[Completed]}](https://img.wattpad.com/cover/172979921-64-k524843.jpg)