Part 6

3.3K 252 11
                                    

Unicode

"အရင်က အစာအိမ်ကို ပြင်းပြင်းထန်ထန် ထိခိုက်ဖူးတယ်ထင်တယ်... နောက်တစ်ခါ ဒီလို ထပ်ဖြစ်ရင် အန္တရာယ်ရှိပါတယ်"

ဆရာဝန်က Saint အခြေအနေကို စစ်ဆေးပြီး သေချာရှင်းပြနေပေမယ့် Perth မျက်နှာက ခပ်တင်းတင်းပင်။ Saintကတော့ သတိမလည်လာသေး။

"ဆေးရုံမှာထပ်နေဖို့လိုသေးလား"

"ဆေးကုန်သွားလို့သတိရလာရင် အိမ်ပြန်လို့ရပါပြီ... ဂရုတော့စိုက်ရမယ်..."

၂၄နာရီကျော်ကျော် ကြိုးချည်ထားခံရလို့ နီရဲနေတဲ့ လက်ကောက်ဝတ်ကြောင့် ဆရာဝန်က သိပ်မသင်္ကာသလို မေးလာတော့ ဆင်ခြေကောင်းတစ်ခုနဲ့ ရှောင်လိုက်သည်။ ဆရာဝန်က သူလုပ်းရာရှိပြီး သူနှင့်အတူပါလာသည့် သူနာပြုဆရာမကို ဆေးအချို့နှင့် ဆောင်ရန်ရှောင်ရန်တွေကိုပြောရန် တာဝန်လွှဲပေးပြီး ထွက်သွားသည်။ ဆရာမဆီက စကားတွေကို ဂရုစိုက်တလှည့် မစိုက်တစ်လှည့်နှင့် နားထောင်ပြီး ဆရာမသွားလိုက်တော့ ခုတင်ဘေးက ခုံမှာဝင်ထိုင်လိုက်သည်။ နောက်ကို နံရံမှာ ခပ်လျောလျောမှီထိုင်ပြီး Saint ဆေးသွင်းထားသည့် လက်ကို ဓာတ်ပုံရိုက်လိုက်သည်။ ဒီပုံကို ရိုက်တာဟာ တစ်ယောက်ယောက်ကိုရိုက်ဖို့ ရည်ရွယ်ချက်နှင့်ဖြစ်သည်။ အဲ့ဒါ ဘယ်သူရှိဦးမလဲ Taengကိုပဲပေါ့။

(အခြေအနေဒီထက်ပိုမဆိုးစေချင်ရင် သိပ်အချိန်မဆွဲနဲ့တော့)

ဆေးပိုက်တန်းလန်းနဲ့ လက်ဖြူဖြူလေးကို မြင်ရတော့ Taeng တုန်လှုပ်သွားတာတော့အမှန်။ Perthက မလုပ်ရဲတာမရှိ၍ Saintကို ဘယ်ဘိုတွေ နှိပ်စက်ထားလို့ ဆေးသွင်းနေရတဲ့အထိဖြစ်ရလဲလို့ သူစိုးရိမ်သွားသည်။ ဒါပေမယ့် လွယ်လွယ်နဲ့ အရှုံးပေးတတ်တာ Taeng အကျင့်မှ မဟုတ်တာ။
............................................................

ဘာစာမှပြန်ဝင်မလာသော ဖုန်းကိုထိုင်ကြည့်ရင်း ရှေ့တည့်တည့်မှ ညည်းသံကြား၍ မော့ကြည့်လိုက်တော့ Saintက လှုပ်လီလှုပ်လဲ့နဲ့ နိုးလာသည်။

"နိုးပြီလား..."

Perth ထိုင်နေရာကနေ Saintနားရွက်နားကို နည်းနည်းကုန်းလိုက်ပြီး နှစ်ကိုယ်ကြားလေသံခပ်တိုးတိုးလေးနှင့်

Love (completed)Where stories live. Discover now