%&%&*%&%&

ရုံးခန်းထဲ ဝင်ဝင်ချင်းပင် Chanyeol မေးလာသည်.

"ဘယ်သူလာတာလဲ ByunBaekhyun "

စိတ်ရှုပ်သွားရတဲ့ Baekhyun က ကြည်လင်မနေတော့ဘူး ။ ဆိုဖာခုံကနေ နောက်လှည့်ကာမေးလာတဲ့ chanyeol ကို စိတ်တိုတိုနဲ့ အော်ပစ်လိုက်သည်။

"မင်းသွားတော့..
မင်းမျက်နှာ မြင်တောင် မမြင်ချင်ဘူး "

ခုံမှာ ဝင်ထိုင်ရင်း မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ထားတဲ့ BaekHyun..

"ဘာလဲဟ??? "

အခန်းပြင်က ပြန်ဝင်လာပြီး..သူ့ကို လာအော်နေတဲ့ ByunBaekhyun ကိုကြည့်လို့မရချင်တော့..။

"အဲ့ မမြင်ချင်တဲ့ အခွက်ကို စောနက အသေအကြေ နမ်းနေတာ ဘယ်ကလူကြီးလဲ "

Chanyeol လည်း တန်းတူ ပြန်အော်ပေးလိုက်သည်။ စားပွဲပေါ် ရှိနေတဲ့ အထုတ်ထဲက နာရီဘူးကို ထုတ်ပြီး..Baekhyun စားပွဲ ပေါ် ဒုန်း ခနဲ မြည်အောင် ဆောင့်ချပစ်လိုက်သည်။

အသံကြောင့် မော့ကြည့်လာတဲ့ Baekhyun
မျက်လုံးတွေက စိတ်ရှုပ်ပြီး ပင်ပန်းနေဟန်..
သိပေမဲ့ စိတ်ဆိုးနေတဲ့ Chanyeol ကလည်း ကျေနပ်နေတာမဟုတ်တော့ မသိချင်ယောင်ဆောင်ပစ်လိုက်သည်။

"ဝတ်ချင်ဝတ် မဝတ်ချင်နေ!! "

ဘူးကို ပစ်ချပေးပြီး...တံခါးကို ဝုန်းခနဲ ပိတ်ကာ Chanyeol ထွက်သွားတော့သည်။

Chanyeol ထွက်သွားတော့မှ... Baekhyun လေပူတွေ မှုတ်ထုတ်လိုက်မိ၏ ။
အရာရာက စိတ်ပျက်စရာပဲ....

%&%&*%&%&

Baekhyun အိမ်ရှေ့ရောက်နေပြီ ဖြစ်သည်။သို့သော် အိမ်ထဲမဝင်သေး..။
Chae မြင်သွားရင် ဘယ်လို လုပ်မလဲ...
ဆိုတာနဲ့တင်.. အတွေးထဲ ရှုပ်နေသည်။
မမြင်ခဲ့ဘူးပြောပေမဲ့ အတွင်းရေးမှူးက သေချာသိမှာတဲ့လား!
တော်တော်ကြာ ကားထဲက မထွက်ဘဲ နေပြီးမှသာ အိမ်ထဲဝင်လာလိုက်၏ ။

"မောင်! အိမ်ပြန်ရောက်တာ စောလိုက်တာ
Chae တောင် ခုနမှ ပြန်ရောက်တာ "

အိမ်ဝ ရောက်ရောက်ချင်းပင်.. အပေါ်ထပ်က ဆင်းလာသည့် Chae က သူ့အနား ရောက်လာသည်။ ပုံမှန်အတိုင်း ပြောဆိုဆက်ဆံမှုကြောင့်..နည်းနည်းတော့ စိတ်အေးသွားရသည်။

Just~~~{[Completed]}Where stories live. Discover now