Part 2

4.2K 260 7
                                    

Unicode

"Morning Taeng!"

ဓာတ်လှေကားတံခါးပိတ်ခါနီးတွင် တံခါးကို လက်ထိုးခံ၍ ဝင်လာကာ နှုတ်ဆက်သူကြောင့် Taeng စိတ်အနည်းငယ်ရှုပ်သွားသည်။

"Morning"

စိတ်မပါပေမယ့် လူမှုရေးနဲ့​​လေးစားမှုဆိုတာ ရှိသေးတာကြောင့် ဝတ်ကျေတန်ကျေ ပြန်နှုတ်ဆက်လိုက်သည်။ နောက်ကျနေပြီမို့လို့ ပြန်ထွက်ဖို့လည်းအဆင်မပြေတော့တာကြောင့် ဓာတ်လှေကားထဲက ပြန်မထွက်တော့ပဲ မျက်နှာလွှဲကာ အတူစီးလာ၏။

"Sorry... နောက်တစ်ခေါက် မစောင့်ချင်လို့"

တွေ့တာနဲ့ 'မင်းကိုချစ်တယ်'ဆိုပြီး ရိသဲ့သဲ့ စကားတွေ ပြောတတ်တဲ့သူရဲ့ နှုတ်က 'sorry' လို့အရင်ကြားရတော့ နည်းနည်းတော့ စိတ်သက်သာသည်။ သူ့ကို ဂရုစိုက်နေစရာမှမလိုပဲ။

"မနေ့က တော်တော်မှပျော်ရဲ့လား"

စိတ်သက်သာရမယ်ထင်ခဲ့တာ ခဏပဲခံသည်။ သူ့ထုံးစံအတိုင်း ရွဲ့စောင်းတဲ့စကားက ကြားရပြန်တာပဲ။ Taeng တကူးတကအဖတ်ပြန်လုပ်ပြီး စကားလှည့်မပြော၊ ဘာတုံ့ပြန်မှုမှ မပေးပေမယ့် ဆက်ကြားရတာက

"မင်းကောင်လေးရဲ့ အချိုသတ်နေတဲ့ ချစ်စကားတွေကြောင့်လေ"

"နင့်အလုပ်မဟုတ်ဘူး"

"ဟက်! သူ့ဟာသူတာဝန်မယူချင်တာကို မိဘတွေလက်မခံမှာ ဘာညာဆိုပြီး မင်းကို ညာပြီး ကြိုးရှည်ရှည်နဲ့ လှမ်းနေတဲ့ စကားလှလှတွေထဲ ပျော်ဝင်မနေပါနဲ့"

Taeng သည်းခံစိတ်က ကုန်သွားပြီ။ ဆက်ဆက်ထိမခံရန်စွာတတ်တဲ့သူမဟုတ်ပေမယ့် တော်ရုံလည်း ငြိမ်မခံတတ်တာမို့လို့ အခုလောက်ထိ လိုက်နှောက်ယှက်နေတဲ့လူကို Taeng စိတ်တိုသည်။ သူ့ကို ကိုယ်ငြင်းထားပြီးပြီ ဒီလောက်ဝင်ပါတာကတော့ စည်းကျော်နေပြီလေ။ Taeng မျက်နှာလွှဲထားရာမှ သူ့ဘက်ကိုလှည့်ပြီး မျက်နှာကို တည်တင်းထားလိုက်သည်။

"ဒါတွေ နင့်အလုပ်မဟုတ်ပါဘူး... သူ့ဟာသူ ညာညာလိမ်လိမ် လှည့်စားစား... ငါ Saintကို ယုံတယ် သူ့ကိုပဲချစ်တယ် သူ့ကိုပဲလက်ထပ်မှာ အဲ့တော့ နင်နောက်ဆုတ်လိုက်တော့"

Love (completed)Where stories live. Discover now