ကျယ်လွန်းတဲ့အိမ်နဲ့အညီ အခန်းတွေလည်း အများကြီး...
Slidedoor တံခါးကို ဖွင့်ပြီး ဝင်သွားတဲ့ ပထမဆုံးအခန်းက.. ChanYeol အဝတ်ခန်းပင်.. ။
နံရံမှာ Chanyeol သူ့ပုံ အကြီးကြီးကို ချိတ်ဆွဲထားသည်။
ခါးပတ် နက်ကတိုင် နာရီတွေဟာအခန်းအလယ်မှာ မှန်အံဆွဲအကြည်နဲ့ထားထားခြင်းခံရ၏ ။
ဘီဒိုတွေဖွင့်ကြည့်တော့ အထဲမှာလည်း အကျီတွေအများအပြား...
Model အလုပ်နဲ့အညီ ဖက်ရှင်လည်း ဂရုစိုက်ရမယ်ထင်တယ် ။
အခန်းထဲ ပတ်ကြည့်နေတုန်း နောက်ကနေ ရောက်လာတဲ့ အသံ..
"ဘယ်ရောက်နေလဲ လိုက်ရှာနေတာ
ဒီရောက်နေတာပဲ.. ကျွန်တော့်အဝတ်ခန်း သဘောကျရဲ့လား "
စကားနဲ့အတူ လူပါ အနားရောက်လာကာ.. အနောက်ကနေ ပွေ့ဖက်ရင်း ခါးကိုပါတင်းကျပ်စွာ ဖက်လာသည်။ လည်တိုင်ကိုလည်း နှုတ်ခမ်းနဲ့ ပွတ်ဆွဲနေတဲ့ အကျင့်မကောင်းတဲ့ကောင်...
"ဝိုင်သောက်နေတာပဲ
ကျွန်တော့လည်း တိုက် "
မျက်နှာချင်းဆိုင် ရှေ့ရောက်လာပြီး ပြောနေတာနဲ့. လက်ထဲက ခွက်လေး သူ့စီတိုးပေးလိုက်တော့...
"ဟင့်အင်း
ဒီလို သောက်ချင်တာ "
ချက်ချင်းပင်.. Baekhyun နှုတ်ခမ်းတွေဆီကပ်လာတဲ့ နှုတ်ခမ်းတစ်စုံ..
စုပ်ယူနမ်းရှိုက်ရင်း အာခံတွင်းတစ်ခုလုံးကို မွှေနှောက်နေတဲ့ လျှာဖျား...
မွတ်မွတ်သိပ်သိပ် နမ်းရှိုက်နေတာကို တုံ့ပြန်ပေးလို့ထင်...နမ်းရင်းပါးချိုင့်ပေါ်အောင် ပြုံးပြလာလေရဲ့...
အချိန်တော်တော်ကြာတဲ့အခါ.. နှစ်ယောက်သား တော်တော်လေးကို.. မောဟိုက်နေကြပြီ.
အသက်ကို မနည်းလုရှုနေကြပေမဲ့ နှစ်ယောက်လုံး ဘာကြောင့်ရယ် မသိ.. ပြုံးမိနေကြသည်။
"ကျွန်တော် ခင်ဗျားကို နမ်းရတာ သဘောကျတယ်
ခင်ဗျား နှုတ်ခမ်းအရသာကို ကြိုက်နေပြီနဲ့ တူတယ် "
ရုတ်တရက် Baekhyun ,Chanyeol နှုတ်ခမ်းကို တစ်ချက်ထိကပ်လိုက်ပြီး
"မင်းအရမ်းဆိုးလွန်းတယ် Honey "
"Honey??
ခင်ဗျား ခေါ်တော့လည်း နားထောင်လို့ ကောင်းသားပဲ CEO nim "
YOU ARE READING
Just~~~{[Completed]}
Fanfictionမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))
Just~ 3
Start from the beginning
![Just~~~{[Completed]}](https://img.wattpad.com/cover/172979921-64-k524843.jpg)