ဆိုဖာပေါ်မှာ လွတ်လွတ်လပ်လပ်ထိုင်နေတဲ့.
မဖိတ်ခေါ်ထားတဲ့ ဧည့်သည်.. တစ်နည်း.. Byun Baek Hyun ဆိုတဲ့.. ကျွန်တော့်ရဲ့ Sex Partner
"မင်းက ဒီလိုမျိုးလဲ ကြိုက်တာပဲလား "
ပြောင်းသွားတဲ့ piano သံ River flows in you ။ သံစဥ်ညည်းလိုက်ရင်း Baekhyun နဲ့မျက်နှာချင်းဆိုင် ဆိုဖာမှာ ဝင်ထိုင်လိုက်ကာ
"အင်း... ကျွန်တော် piano သဘောကျတယ်လေ
ခင်ဗျားရော မကြိုက်ဘူးလား "
"သဘောကျပါတယ်.. သီးသန့်တော့ နားမထောင်ဖြစ်ပေမဲ့ ...၊ ထားပါတော့... ကိုယ်လာတာ ဘာကိစ္စလဲသိလား "
"ဘာကိစ္စ?? မဟုတ်မှ SEX??
မနက်စောစောစီးစီးကို ခင်ဗျားကလည်း လုပ်ပြီ "
မျက်နှာမော့ကာ ရယ်မောနေတဲ့ Chanyeol က အရာရာကို အလေးမထားတဲ့ လူတစ်ယောက်ပုံစံပေါက်နေလို့ Baekhyun သဘောကျမနေဘူး ။
"အူကြောင်ကြောင်လုပ်မနေနဲ့ .."
"သိပါတယ်.. ထိုင်နေဦး...
ရေချိုးဦးမှာမလို့...
ဘာသောက်မလဲ
အအေး?? အပူ?? "
"ဘာမှ မသောက်ဘူးမလို့ ကြွလိုက်တော့ "
"Ok! သောက်ချင်တာရှိရင် ဟိုဘက်ခြမ်းကိုသွားကြည့်
Bar counter ရှိတယ်..
တစ်အိမ်လုံး လိုက်ကြည့်လည်း ရတယ်နော်
အခုက စပြီး ခင်ဗျားအိမ်ဖြစ်လာတော့မဲ့ဟာကို "
နောက်ဆုံးစကားကို မျက်စိတစ်ဖက်မှိတ်ကာပြောသွားတဲ့ Chanyeol ကို ဘာမှ ပြန်မပြောတော့..။ သူပြောတာလည်း မှန်နေတာပဲကို..
နောက်ဆို.. မကြာမကြာ ဝင်ထွက်ရတော့မဲ့ အိမ်ဖြစ်လာတော့မှာပဲလေ...
Chanyeol ရေချိုးခန်းထဲဝင်သွားတာနဲ့... အရင်ဆုံး Bar လုပ်ထားတဲ့နေရာကို သွားလိုက်သည်။
သင့်တင့်တဲ့ အအေးချိန်နဲ့ ထားထားတဲ့ စင်တွေပေါ်က ဝိုင်ပုလင်းများစွာ..
အပေါ်မှာ ရှိတဲ့ပုံစံခွက်ထဲက ဝိုင်ခွက်တစ်ခုကို ယူလိုက်ပြီး သဘောကျတဲ့ ပုလင်းကို ရွေးချယ်ကာသောက်နေသည်။
Adrianna Vineyard 2012 ထုတ် Fortuna Terrae Wine ။ ဝိုင်နံ့ကို တစ်ချက်လောက် နမ်းကြည့်လိုက်သည်။ ရစ်မူးစေပေမဲ့ Baekhyun တော့ သဘောကျသည်။ တစ်ငုံသောက်ရင်း အိမ်ထဲလျှောက်ကြည့်မိသည်။
YOU ARE READING
Just~~~{[Completed]}
Fanfictionမှားယွင်းမှန်း သိရဲ့နဲ့ ဆက်ပြီး မှားယွင်းနေတုန်းပဲ ChanBaek Yaoi ((Zawgyi+Unicode))
Just~ 3
Start from the beginning
![Just~~~{[Completed]}](https://img.wattpad.com/cover/172979921-64-k524843.jpg)