Part 1

13K 347 5
                                    

Unicode

Ting!

ဆိုင်လေးရဲ့ မှန်တံခါးလေးကိုတွန်းဖွင့်တော့ Welcome Bell မြည်သံနှင့်အတူ မိန်းကလေးတစ်ယောက် ဝင်လာသည်။ ကာကီရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး အပြုံးလှလှတစ်ခုနဲ့ ဖြူဖြူသွယ်သွယ် သူမက Taeng Saithong။ သူမမှာ နွေးထွေးပြီးပျော်စရာကောင်းတဲ့ မိသားစုလေးနဲ့ မောင်လေးလိုရော ချစ်သူလိုပါ ချစ်ရတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ အဲ့ဒီကောင်လေးက

"Saint"

"P'Taeng"

တံခါးဝကနေ ဝင်လာတဲ့ Taengရယ် ဆိုင်ရဲ့ချက်ပြုတ်ခန်းကနေ ဗန်းလေးကိုင်ပြီးထွက်လာတဲ့ Saintရယ် သမီးရည်းစားနှစ်ယောက်ဟာ စားပွဲမှာ အပြုံးကိုယ်စီဖြင့် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။

"P'ဒါကျွန်တော့်ရဲ့ Menu အသစ်... မြည်းကြည့်"

Saintက သူကိုင်လာတဲ့ ဗန်းထဲက သစ်သီးစုံကိတ်မုန့်လေးကို စားပွဲပေါ်တင်လိုက်ပြီး ဇွန်းသေးသေးတစ်ချောင်းကို Taengလက်ထဲထည့်ပေးလိုက်၏။ Taengက သစ်သီးတွေနဲ့ ပြုလုပ်ထားတဲ့ မုန့်ကို တစ်ဇွန်းစားကြည့်ပြီး တမြုံ့မြုံဝြားရင်း သူ့တုံ့ပြန်ချက်ကို စောင့်နေတဲ့ Saintကို ပြုံးကြည့်လိုက်သည်။

"P' ကောင်လေးရဲ့အပြုံးတွေကြောင့် မုန့်လေးက ချိုနေသလိုပဲ"

"P'မနောက်ပါနဲ့"

Taengက စ,နောက်​တော့ Saintက သူ့ရဲ့ နှုတ်ခမ်းလေးကို ကိုက်ပြီး ရှက်ရဲရဲ​ပြုံးလိုက်သည်။

"OK OK မနောက်တော့ဘူး... ကောင်းတယ် သစ်သီးတွေက နုအိနေတာပဲ ဒါနဲ့ မုန့်နာမည်ကို ဘယ်လိုပေးထားလဲ"

"အခုထိမပေးရသေးဘူး P'Taeng "

"ဒီတစ်ခါ P'စဉ်းစားပေးမယ်"

Taengက သူမရဲ့ တံတောင်ဆစ်ကို စားပွဲပေါ်တင်ပြီး သူ့မျက်နှာကို ထိုလက်နှင့်ထောက်ထားလိုက်သည်။ Saintကတော့ သူ့ကောင်မလေးပေးမည့် မုန့်နာမည်အသစ်စောင့်စားရင်း Taengရဲ့ မျက်နှာကို ရယ်ပြုံးရင်းငေးလို့။

"ဒီမှာ ကောင်လေး!"

နှစ်ဦးသား ကြည်နူးနေတုန်း ဆိုင်ထဲသို့ လူကြီးတစ်ယောက်က ဒေါနဲ့မောနဲ့ဝင်လာကာ Saintရှေ့တွင် မတ်တပ်ရပ်လိုက်သည်။

Love (completed)Where stories live. Discover now