Chanyeol, မျက်စိရှေ့က ကောင်လေးကို ကြည့်နေတုန်း... ။ စာချုပ် လို့ပြောလာမှသာ လာရင်းကိစ္စ သတိရတော့သည်။ ကောင်လေးရဲ့ လိုရင်းက စာချုပ်ပေမဲ့ Chanyeol ရဲ့ လိုရင်းကတော့ စာချုပ်ထက် ကြီးမားတဲ့အရာပင်ဖြစ်သည်။

" ရောက်တာနဲ့ စာချုပ်တမ်းချုပ်ကြမှာလား
ကျွန်တော့်ဘက်က လိုချင်တဲ့အချက်အလက်တွေ မပြောရတော့ဘူးလား "

"ကိုယ်တို့ဘက်က ထည့်သွင်းထားတဲ့ အချက်အလက်က်ို ChanYeol သဘောမကျဘူးလား
အဲ့ဒါဆို အသစ်ပြင်ကြတာပေါ့ "

Baekhyun ရှေ့မှာ အသင့်ရှိတဲ့ ဖောင်တိန်ကို ယူလိုက်ပြီး...

"ထပ်လိုချင်တဲ့ အချက်အလက်ကိုပြောလေ
ကိုယ်ထည့်ပေးမယ် "

"ကျွန်တော်လိုချင်တာ... ကျွန်တော့ မျက်စိရှေ့က
ခင်ဗျားကို ဆိုရင်ရော...
ရမလား..? "

ထိုသူရဲ့ စော်ကားတဲ့စကားကြောင့် ဒေါသက ထောင်းခနဲ..။ သို့ပေမဲ့ အသံကိုထိန်းကာ ဒေါသထိန်းချုပ်လိုက်ရသည်။

"မင်း..ကိုယ်ကို ဘာများမှတ်နေလဲ
မလုပ်ချင်ရင် စာချုပ် ဖျက်လိုက်ပါ ။ ကိုယ့် Co. နဲ့စာချုပ်ချုပ်ချင်တဲ့သူမှ အများကြီး....

မင်းရဲ့ Onenight stand တွေထဲ ကိုယ့်ကို စာရင်းလာမသွင်းနဲ့
ကိုယ့်မှာ မိန်းမ ရှိတယ် မင်းနားလည်အောင် ပြောထားတာ "

အံတင်းတင်းကြိတ်ပြီး ပြောလာတဲ့ baekhyunကိုကြည့်ပြီး သိထားတဲ့ သတင်းတစ်ခုကို ပြောလိုက်သည်။

"ကျွန်တော် သိရသလောက်တော့... ခင်ဗျားမိန်းမကို ကတိကဝတ်တစ်ခုကြောင့် ယူထားတာဆိုလားလို့ "

မျက်စံ​လေး နည်းနည်းပြူးကာ အံ့သြနေပုံအရ ဆို သူပြောလိုက်တဲ့ အချက်က မှန်နေလောက်သည်။ အံသြနေပုံကို ခပ်ပြုံးပြုံးကြည့်ရင်း..ကိုယ်လိုချင်တဲ့ အချက်အလက်ကိုသာ ဆက်ပြောလိုက်၏ ။

"Ok!
ကျွန်တော်က game လေးတစ်ခုဆော့ချင်ရုံပါ ခင်ဗျားနဲ့ ...
တစ်နှစ်ပတ်လုံး brand model အဖြစ် စာချုပ် ချုပ်မယ်လေ
ခင်ဗျားက ကျွန်တော်နဲ့ အတူနေရုံပဲ
ခင်ဗျား ဆန္ဒရှိတဲ့အချိန်... ကျွန်တော် ဆန္ဒရှိတဲ့အချိန်

Just~~~{[Completed]}Where stories live. Discover now