ဟက်.. လက်စွပ်?
ပိုင်ရှင် ရှိတယ်တဲ့လား

ဘယ်လို လုပ်မလဲ..ခင်ဗျားကို ပိုင်ဆိုင်ဖို့ စတင်ကြိုးစားတော့မှာမလို့
သက်ဆိုင်သူ ရှိလဲ ဂရုမစိုက်ဘူး ..။

%&%&*%&%&

အတွင်ရေးမှုးပေးလာတဲ့ ParkChanYeol  ရဲ့ profile ကို ဖတ်နေသည်။

အသက်က ၂၆ နှစ် ။ တွက်ကြည့်တော့
ကိုယ့် ထက် ၄ နှစ်ငယ်သည်ပဲ..။ အလုပ်ကလည်း ကိုယ်ပိုင် agency နဲ့ ကိုယ့်ဆုံးဖြတ်ချက်အတိုင်း model အလုပ်လုပ်နေတာပင် ဖြစ်ပြီးပိုက်ဆံကြောင့်မဟုတ်ဘဲ အပျင်းပြေ model လုပ်နေတာကို baekhyun နားလည်လိုက်သည်။

တစ်နှစ်တစ်နှစ် ငြင်းလွှတ်နေတာက
တစ်နှစ်ကို နှစ်ခုလောက်ရိုက်ပြီး ရှစ်ခုလောက် ငြင်းလွှတ်တတ်တဲ့ လူစားမျိုး ။ ဒီလို မလွယ်ကြောက မနေ့က စာချုပ်ကို လက်ခံလိုက်တယ်လို့ Co.ဘက်ကို အကြောင်းပြန်လာတယ်လေ..

ကံကောင်းတာလား ကံဆိုးတာလား မသဲကွဲတော့

သူ့အတွက် ကျော့ကွင်းတစ်ခု ရောက်လာနေတာကိုလည်း Baekhyun မသိခဲ့ပါ... ။

"သူဌေး , စာချုပ်ချုပ်ဖို့အတွက် ParkChanYeol ရောက်လာပါပြီ "

"ဝင်ခိုင်းလိုက် "

Profile ကို မှောက်ထားလိုက်ပြီး အသင့်ပြင်ကာ စောင့်ကြိုလိုက်သည်။ လက်တစ်ဖက်ထောင်ကာ
ဝင်လာပြီး ဆိုဖာပေါ် ဝင်ထိုင်လာတာက သူ့အိမ်သူ့ယာ အတိုင်းပင်.. ။

ရုပ်ရည်ကတော့ ဓာတ်ပုံထဲကထက် အပြင်ကပိုချောတာ Baekhyun လက်သင့်ခံရမည်။
အဲ့လိုရုပ်ရည်ကြောင့်လည်း ငရှုပ်ဖြစ်နေတာ...

Baekhyun ကသာ အတွေးပွားနေရင်း Chanyeol ကို အကြည့်ပို့တဲ့အခါ လူကို ပြီတီတီ စိုက်ကြည့်နေတာကြောင့် နေရခက်လာသည်။
ယောကျ်ားလေးအချင်းချင်းကို ဘာသဘောမှန်းမသိ..။ အမြန်ပြီးအောင် စာချုပ်ကိစ္စကိုသာ စလိုက်သည်။

"စာချုပ်ချုပ်ကြတာပေါ့ parkchanyeol ssi "

%&%&*%&%&

ဒါလေးက အသက်၃၀တဲ့လား မထင်ထားတာအမှန်..
မငယ်တောင် ၂၅ လောက်လို့တွေးခဲ့မိတာ..
အခုတော့ ကိုယ့်ထက်တောင် ၄နှစ်ကြီးနေသေး...

Just~~~{[Completed]}Where stories live. Discover now