"အဲ့ဒါ ဘယ်သူလဲ သိလား "

တစ်ခုခုတော့ သိရမှ ကျေနပ်နိုင်မဲ့ Chanyeol အတွက် ဘေးက လေဒီကို မေးလိုက်မိသည်။

"NB (Nature & Beauty ) Cosmetic Co.က သူဌေးလေ ။ ByunBaekHyun တဲ့
အရမ်းနာမည်ကြီးတဲ့ Co. ပဲကို ။
ဒီနိုင်ငံတွင်မက အနောက်နိုင်ငံတွေထိ အလှကုန်တင်သွင်းတယ် ။ အခုတောင် ရေမွှေး brand အသစ် ထွက်တော့မယိကြားတယ် ။
ဘာလို့ သိချင်တာလဲ darling က ... "

ညုတုတု သူမအသံကြောင့် စိတ်အစုံညစ်သွားပေမဲ့ ပြည့်ပြည့်စုံစုံ ဖြေပေးလာတာကိုတော့ ကျေးဇူးတင်မိသား...
အများကြီးစုံစမ်းစရာမလိုတော့ဘူးပေါ့...

"စိတ်ဝင်စားစရာလေး တစ်ခု တွေ့သွားလို့ "

လက်ကျန် ဝီစကီတစ်ဝက်ကို သောက်လိုက်ပြီး
Manager hyung ကို ဖုန်းခေါ်လိုက်သည်။

"Hyung.. ကျွန်တော့်ကို NB Co. ရဲ့ သူဌေးအကြောင်း စုံစမ်းပေး
ပြီးရင် mail နဲ့ ပို့လိုက် "

"ဘာလဲ သူတို့ဘက်ကကမ်းလှမ်းချက်ကို လက်ခံမလို့လား "

"ကမ်းလှမ်းချက်?? "

ဖုန်းမချခင် မန်နေဂျာ hyung စကားကြောင့် မေးလိုက်မိသည်။

"သူတို့ရေမွှေးbrand သစ်ရဲ့ model အဖြစ် ၁နှစ်စာချုပ်ချုပ်ဖို့ ပြောထားတာလေ
ငါပြောတော့ မင်းပဲ ၁နှစ်တောင်မလို့မလုပ်ဘူး ငြင်းလိုက်ဆို "

"အဲ့တော့ ငြင်းလိုက်ပြီလား hyung "

"ဟင့်အင်း ၊ မနက်ဖြန်မှ လက်မခံတဲ့အကြောင်း ဆက်သွယ်မလို့ "

"အဲ့ဒါဆို မငြင်းနဲ့
ကျွန်တော် လက်ခံမယ်
မနက်ဖြန် သူဌေးနဲ့ ကိုယ်တိုင် တွေ့ပြီး စာချုပ်ချုပ်မယ်ပြောလိုက် hyung "

ဖုန်းချပြီး ဝီစကီတစ်ခွက်နဲ့ တစ်ဖက်ဝိုင်းက လူကို
ငေးကြည့်နေတဲ့ Chanyeol ဟာ ဘေးက မိန်းကလေးကိုလည်း အာရုံမရှိတော့...

”မနက်ဖြန် တရားဝင်တွေ့ကြတာပေါ့ ကောင်လေး ”

ထိုကောင်လေးကို ကြည့်ပြီး တိုးတိုးလေး ရေရွတ်လိုက်စဉ် ၊ လှုပ်ရှားမှု တစ်ခုမှာ လက်ခနဲ ဖြစ်သွားတဲ့ ထိုကောင်လေးရဲ့ လက်သူကြွယ်က လက်စွပ် လေး..။

Just~~~{[Completed]}Where stories live. Discover now