လူရှုပ်လူပွေကို မကြိုက်ပေမဲ့ ဒါရိုက်တာအားလုံး ဆုံဖြတ်ထားတာမို့လည်း သိပ်မပြောချင်ပေ..။

သို့သော်...အတ္တကြီးတယ် ဆိုတဲ့ အချက်ကိုပါနောက်အချိန်မှာ baekhyun သိလာခဲ့ရပါ၏ ။

%&%&*%&%&

"Hey girl, ကိုယ်နဲ့ အတူပျော်ရအောင် "

နှစ်ခါ ခေါ်စရာမလို မိန်းကလေးသည် သူ့ရင်ခွင်တွင်း သက်ဆင်းလာလေပြီ... ။

နာမည်ကြီး model လည်းဖြစ် ၊ ရုပ်ရည်ကလည်း ပြည့်စုံသည်။ ပိုက်ဆံလည်းချမ်းသာတဲ့ သူ့လိုလူမျိုးနား ကပ်ချင်တဲ့ ချောချောလှလှ မိန်းမတွေများ ဝိုင်းလို့...

သူ့တို့ဆန္ဒအတိုင်းဖြစ်အောင် တစ်ရက်တစ်ယောက်လောက်တော့ တွဲဖစ်သည်။
ကိုယ်လည်း အပျင်းပြေ သူတို့လည်း သဘောကျ
တော့ နှစ်ဦးနှစ်ဖက် အဆင်ပြေတာပေါ့ ။
ရလာတာက လူရှုပ်လူပွေဆိုတဲ့ ဘွဲ့..။

မိန်းကလေးနဲ့ ကလပ်ဘားမှာ အတူသောက်နေတုန်း ဝိုင်းတစ်ခုဆီ အကြည့်ရောက်မိကာ စိတ်ဝင်စားဖွယ် အရာတစ်ခုကို တွေ့လိုက်ရလေသည်။

ရိုးရိုးလေးပေမဲ့ chanyeol အတွက် ဆန်းသွားတာမျိုး ...

ဝိုင်းမှာ သမားရိုးကျဆန်စွာ လူနှစ်ယောက်စကားပြောရုံသာ...
ရှေ့က လူကြီးနဲ့ ပြုံးပြီး စကားပြောနေတဲ့ ကောင်လေးတစ်ယောက်...

လူကြီးလူကောင်းပုံစံရယ် အနောက်တိုင်း ဝတ်စုံရယ်အရ ကောင်လေးတော့ ဖြစ်ဟန်မတူ...
သို့ပေမဲ့ chanyeol အတွက် လောလောဆယ် ကောင်လေးလို့ သတ်မှတ်ထားသည်။

ပါးလွှလွှ နှုတ်ခမ်းလွှာက စကားပြောနေတာ... chanyeol အတွက် မျက်စိမလွှဲနိုင် ဖြစ်နေသည်။
တစ်ချက် တစ်ချက် နှုတ်ခမ်းတွန့်ချိုးရင်း ထွက်လာတဲ့ အပြုံးကလည်း လူသတ်လက်နက်လို..

အရက်ခွက်ကိုင်လိုက်တဲ့ လက်တစ်ဖက်က လက်ချောင်းတွေရဲ့ သွယ်လျမှုက မီးမှိန်မှိန်မှာတောင် အထင်းသား...
Chanyeol မျက်စိမလွှဲဘဲ စိုက်ကြည့်နေရင်း

အဲ့နှုတ်ခမ်းက ထွက်လာမဲ့ သူ့အတွက် ညည်းသံသဲ့သဲ့ ကို ကြားချင်လာမိသည်။
ပါးလျလျ နှုတ်ခမ်းပါးကို အနမ်းကြမ်း ခြွေချင်လာသည်။
သူ့အနား တိုးကပ်ချင်လာသည်။
သူနဲ့ နှစ်ကိုယ်တူ ချစ်ရည်လူးချင်လာသည်။
နောက်ဆုံး..ပိုင်ဆိုင်ချင်လာသည်။

Just~~~{[Completed]}Donde viven las historias. Descúbrelo ahora