အခန်း၅- သြရိုမန်

Mulai dari awal
                                    

"ငါသိၿပီ..."

မီနာရိမ်းန်အကြောင်းဆွေးနွေးခြင်းတွေဟာ ဆက်ကာပလူပျံနေပေမယ့် ဒါဟာသူမကိုတော့ နာမည်ကြီးမလာစေဘူး... ဘာကြောင့်လဲဆိုတော့ သူမဟာကျောင်းရဲ့ ပွဲတွေကိုသွားခဲလှလေပြီး ကျောင်းချိန်ပြင်ပ လှုပ်ရှားမှုတွေမှာလည်း သိပ်မပါလှလေဘူး... ဒါကြောင့် သူမကို ဘယ်သူမှ မသိကြတာဖြစ်လေတယ်... သို့သော်ငြား သူမရဲ့နာမည်ဟာတော့ လူတော်တော်များများသိကြလေတယ်... ဒါကြောင့်ပါပဲ သူမကို ကျောင်းသားတွေဟာ မြင်လိုက်တာနဲ့ တော်တော်များများက သတိထားမိသွားကြတာပါပဲ...

______________

"ဟိုင်း... မတွေ့ရတာကြာပြီ..."

သူမရဲ့ ဖတ်စာအုပ်ပေါ်မှာ အရိပ်ရှည်တစ်ခု ကျရောက်လာချိန်မှတော့ ကျောင်းသူကောင်းတစ်ယောက်ဆိုတဲ့ ဇာတ်ကောင်ကိုကစားတဲ့အနေနဲ့ မီနာဟာ စာကြည့်တိုက်ထဲမှာ ရှိနေခဲ့တာဖြစ်လေတယ်... ခေါင်းမော့လိုက်တဲ့ အချိန်မှာတော့ သူမဟာ ရင်းနှီးနေကြ ခန့်ညားချောမောလှတဲ့ အပြုံးလေးတစ်ခုကို တွေ့လိုက်ရတော့လေတယ်... သူမရဲ့ သူမတူ မျက်နှာအမူအရာကို တစ်ချက်လေးတောင် မပြောင်းလဲလိုက်စေပဲ သူမဟာ ဖတ်စာအုပ်ကိုသာ ပြန်ငုံ့ကြည့်လိုက်လေရင်း စာကို ဆက်ပြီးဖတ်နေလိုက်တော့တယ်...

"ရက်စက်လိုက်တာ..."
သြရိုမန်ဟာ ရယ်လိုက်လေရင်း သူမနဲ့ မျက်နှာချင်းဆိုင်က ခုံကိုဆွဲယူကာ ထိုင်လိုက်လေတော့တယ်...
"ကိုယ်တို့ ရင်းနှီးပြီးတဲ့နောက်ပိုင်းမှာ သူငယ်ချင်းအဖြစ် မှတ်ယူလိုက်လို့ သင့်တယ်မလား???..."

စိတ်ထဲကသာ နှာခေါင်းရှုံ့လိုက်ရင်း မီနာဟာ သြရိုမန်ကို မျက်လုံးပင့်ကာကြည့်လိုက်လေတယ်... မျက်နှာဟာ ဆင်တူပေမယ့် မျက်လုံးအရောင်နဲ့ ဆံပင်ဟာ မတူလေဘူး... မျက်လုံးတွေထဲကအကြည့်ရဲ့ ပြင်းအားဟာ တူညီပေမယ့် ခံစားချက်ဟာ မတူလေဘူး... မီနာ့ကိုယ်ထဲက စိတ်ဝိဥာဉ်ဟာ စိတ်အနှောင့်အယှက် ဖြစ်လို့လာလေတာကြောင့် သူမဟာ ထိုအမူအရာတွေကို သူမမျက်နှာပေါ်မှာ သတိမထားမိလိုက်ပါပဲ ပြသမိသွားလေတော့တယ်...
(T.N ဒါက Arc2က အန်ဒိုခိုင်းနဲ့ စိတ်ထဲမှာ လိုက်ယှဉ်မိနေတာလို့ ထင်တယ်... Arc 3 ဆိုတော့လေ...)

5. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-3 (သြရိုမန်)Tempat cerita menjadi hidup. Temukan sekarang