အခန်း၁၅- သြရိုမန်

20.1K 1.8K 25
                                    

Zawgyi

နေ၀င်ချိန်ဟာ ဖြေးဖြေးချင်းရောက်ရှိလာချိန်မှာတော့ သြရိုမန်နဲ့ မီနာဟာ ဟိုတယ်ကနေလက်ချင်းတွဲကာ ထွက်လာလေတော့တယ်... တိုက်ဆိုင်မှုလား ကံတရားလားတော့မသိပေမယ့် သူတို့နှစ်ဦး ဟိုတယ်ကထွက်လာတဲ့အချိန်မှာပင် သူတို့နှစ်ယောက်ဟာ ဇာတ်လမ်းရဲ့ အဓိကဇာတ်လိုက်မိန်းကလေးနဲ့ ကောင်လေးကို တွေ့မိတော့တာဖြစ်တယ်... သြရိုမန်ကို မြင်လိုက်ရတဲ့ အက်ရှ်လီဂျိုင်းလ်ရဲ့ မျက်လုံးတွေဟာ အင်မတန်မှ အံ့အားသင့်သွားဟန်ပေါ်လေတယ်...

သို့သော်ငြား သြရိုမန်ဟာ မီနာ့လက်ကို တွဲကာထွက်လာတာကိုမြင်လိုက်ရချိန်မှာတော့ သူမ မျက်ဝန်းတွေဟာ ချက်ချင်းဆိုသလိုအေးစက်သွားလေတော့တယ်... ဒါ့အပြင် မီနာ့ လည်တိုင်ပေါ်က ကိုက်ရာစုပ်ရာတွေနဲ့ သူမ ရင်ညွှန့်ပေါ်က အနီကွက်တွေကို သူမ သတိထားမိသွားလေတယ်... မီနာဝတ်ထားတဲ့ ပန်းရောင် Baby doll ၀တ်စုံလေးဟာ သြရိုမန်သူမအပေါ်ချန်ခဲ့တဲ့ အမှတ်အသားတွေအားလုံးကို မြင်သာစေနေတာဖြစ်လေတယ်...

"အရှက်မရှိလိုက်တာ..."
အက်ရှ်လီဂျိုင်းလ်ဟာ မီနာ့ကို စူးနေအောင်ကြည့်လိုက်တယ်...

မီနာဟာ ရှော့ခ်ရသွားလေတာကြောင့် သြရိုမန်ကို တွန်းထုတ်မိသွားလေတယ်... လှည့်ထွက်ဖို့ကြိုးစားပေမယ့် ပြန်ဆွဲထားခံလိုက်ရလေရင်း ထိုအမျိုးသားလေးဟာတော့ ဒေါသတွေကြောင့် စူးလက်လို့နေလေပြီ...

"မင်းဘာသာ ပါးစပ်ပိတ်ရင်ပိတ်... မပိတ်ရင် တစ်သက်လုံးပိတ်သွားအောင်လုပ်ပေးလိုက်မယ်..."
သြရိုမန်ရဲ့ လေသံဟာ အေးစက်နေလေတာမို့ အက်ရှ်လီဂျိုင်းလ်ဟာ တုန်လှုပ်သွားလေရင်း နောက်ဆုတ်မိသွားတော့တယ်...

မျက်နှာပေါ်မှာ ခံပြင်းလှတဲ့အမူအရာနဲ့သာပဲ အက်ရှ်လီဂျိုင်းလ်ဟာ သြရိုမန် အပေါ်ဝတ်ကို ချွတ်ပြီး မီနာ့ကို ၀တ်ပေးနေတာကို ကြည့်နေလိုက်ရတော့တယ်... ကော်လံမြင့်မြင့်အပေါ်ထပ်အကျီင်္ကြောင့် ဇစ်ဆွဲလိုက်တာနဲ့ မီနာ့ ကိုယ်ပေါ်က အကွက်တွေအားလုံးဟာ ဖုံးကွယ်သွားရလေတော့တယ်... မီနာ့ကို ကြည့်နေတဲ့ သြရိုမန်ရဲ့ မျက်ဝန်းတွေထဲမှာ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုတွေသာ ပြည့်နှက်နေလေမှန်းမြင်ရချိန်မှာတော့ အက်ရှ်လီဂျိုင်းလ်ဟာ ပို၍သာ ဒေါသထွက်လာရတော့တယ်...

5. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-3 (သြရိုမန်)Donde viven las historias. Descúbrelo ahora