အခန်း၉- သြရိုမန်

19.6K 1.9K 46
                                    

Zawgyi

နေ့ရက်တွေကုန်ဆုံးသွားတာနဲ့အမျှ သြရိုမန်နဲ့ မီနာ့ကြားက ဆက်ဆံရေးအခြေအနေဟာ စတင်ပြောင်းလဲ လာတော့တယ်... သြရိုမန်ဟာ သူ့ရဲ့မီနာ့အပေါ်အပြုအမူတွေကို ဘာမှာမဟုတ်လေဘူးလို့ တွေးထားခဲ့ပေမယ့် တခြားသူတွေကတော့ ဒါကို မနှစ်မြို့ကြလေဘူး- အထူးသဖြင့် သြရိုမန်ကို ကြွေနေတဲ့သူတွေနဲ့ ပရိသတ်တွေပါပဲ... ဒီလူဆိုးလေးဟာ တကယ်ကတော့ ဒီအထက်တန်းကျောင်းရဲ့ နာမည်အကြီးဆုံးတွေထဲက တစ်ယောက်ဖြစ်နေလေတယ်...

နာမည်ကြီးတယ်ဆိုတဲ့အဓိပ္ပါယ်ဟာ အားလုံးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ...

သြရိုမန်ဟာ ဒီလိုမျိုး တစ်ယောက်ထဲကိုသာ အလေးပေးနေတဲ့အချိန်မှာ တခြားသူတွေအားလုံးကတော့ မကျေနပ်ကြလေတော့ဘူး...

"နင်က မီနာရိမ်းန်လား???..."

မိန်းကလေးအဖွဲ့တစ်ဖွဲ့ရဲ့ ၀ိုင်းထားခြင်းကို ခံလိုက်ရခြင်းမှာတော့ မီနာဟာ နည်းနည်းလေးတောင်မှ အံ့အားမသင့်မိလေဘူး... ဒီရန်လိုမုန်းတီးခြင်းကို တွေ့လိုက်ရချိန်မှာ သူမကတော့ စိတ်ထဲကနေသာ ရယ်လိုက်လေတော့တယ်... သူမဟာ မလိုမုန်းထားဖြစ်နေတဲ့ သတိပေးတဲ့အကြည့်တွေကို တမင်တကာသာ မသိချင်ယောင်လိုက်လေတယ်... သူတို့တွေ သူမကို သာတိုက်ခိုက်လာစေတာမို့ မီနာဟာ အချိန်တစ်ခုကြာအောင် စောင့်ဆိုင်းနေလိုက်တယ်...

"ဟုတ်တယ်..."
မီနာဟာ ပုံမှန်တည်ငြိမ်လှတဲ့လေသံနဲ့ ပြန်ဖြေလိုက်လေတယ်...

"နင် သြရိုမန်ကို လိုက်ကပ်နေတာကို ငါတို့တွေတွေ့နေရတယ်..."
သူမကို ၀ိုင်းထားတဲ့အထဲက ခေါင်းဆောင်ဟာ အကြည့်စူးစူးနဲ့အတူ သူမကို ပြောလေတယ်...

"မကပ်ပါဘူး..."

"လိမ်မနေနဲ့..."
ထိုမိန်းကလေးဟာ မီနာ့ရဲ့ မျက်နှာကို လက်ညိုးငေါက်ငေါက်ထိုးလေတယ်...
"ခွေးမ... နေ့တိုင်း စာကြည့်တိုက်မှာ သူ့နားကပ်နေတာကို ငါတို့တွေ့တာလေ..."

"ငါက စာလုပ်နေတာလေ..."
မီနာဟာ မကြောက်လေတာမို့ ခေါင်းဆောင်မိန်းကလေးကို တောက်လျှောက်သာ ကြည့်နေလိုက်လေတယ်...
"သူကပဲ ငါစာလုပ်နေတာကို လိုက်နှောင့်ယှက်နေတာ..."

5. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-3 (သြရိုမန်)Donde viven las historias. Descúbrelo ahora