အခန်း၁၁- သြရိုမန်

20.2K 1.9K 32
                                    

Zawgyi

"အက္စ္တာ..."

မီနာဟာ အက်ရှ်လီဂျိုင်းလ်နောက်ကို ပြေးလိုက်သွားလေခဲ့တာမို့ ထိုကောင်မလေးကို ကွင်းပြင်ရဲ့ တစ်နေရာမှာ ပုန်းနေတာကိုတွေ့လိုက်ရလေတယ်... ကြီးမားလှတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့အောက်မှာ ထိုကောင်မလေးဟာ ဒူးတုပ်ထိုင်နေတာဖြစ်ပြီး သူမရဲ့ မျက်နှာကို လက်မောင်းတွေကြားအပ်ထားလေတယ်... တုန်ယင်နေတဲ့ ပုခုံးတွေကို ကြည့်ခြင်းအားဖြင့် မီနာဟာ အက်ရှ်လီဂျိုင်းလ် ငိုနေမှန်းသိလေတယ်...

"အက်စ်တာ..."
မီနာဟာ ဇာတ်လိုက်မိန်းကလေးရဲ့ နောက်နားလေးမှာ ရပ်လိုက်လေတယ်...
"ငါက__..."

"တစ်ယောက်ထဲနေပါရစေ..."
အက်ရှ်လီဂျိုင်းလ်ရဲ့ အသံဟာ နာကြည်းသံတွေပါနေလေတယ်...

"အက်စ်တာ ကျေးဇူးပြုပြီး... နင်ငါ့ကို မမုန်းပါနဲ့... ငါက__..."

"မင်းက ငါအမုန်းဆုံး လူအမျိုးအစားပဲ..."
အက်ရှ်လီဂျိုင်းလ်ဟာ မတ်တပ်ရပ်လိုက်လေရင်း မီနာ့ကို နီရဲနေတဲ့ မျက်လုံးတွေနဲ့ ရင်ဆိုင်လေတယ်...
"ညစ်ပတ်ပြီး ပေါ့ပျက်ပျက်နိုင်တဲ့မိန်းမ..."

"ငါ..."
မီနာဟာ အက်ရှ်လီဂျိုင်းလ်ကို ၀မ်းနည်းစွာကြည့်လိုက်လေရင်း သူမခေါင်းကို ငုံ့ထားလိုက်လေတယ်...
"အက်စ်တာ ငါက_..."

"မင်းဘာလိုချင်လို့လဲ??..."

"ငါ နင့်ကို သဘောကျတယ် အက်စ်တာ..."
မီနာရဲ့ ပါးပြင်တွေဟာ သူမရဲ့ ဖွင့်ပြောမှုနဲ့အတူ နီးမြန်းလာလေတော့တယ်...

"အစကတည်းက ငါက__..."

"ရွံစရာကောင်းလိုက်တာ!!!..."

မီနာ ခေါင်းမော့ကြည့်လိုက်ချိန်မှာတော့ ဒီလှပတဲ့မိန်းမလှလေးရဲ့ မျက်နှာပေါ်က ထိတ်လန့်မှုနဲ့ စက်ဆုပ်မှုကို တွေ့လိုက်ရလေတယ်... မီနာ့ကို အက်ရှ်လီဂျိုင်းလ်ဟာ ရွံရှာတဲ့အကြည့်နဲ့သာ ဆက်ကြည့်နေချိန်မှာတော့ မီနာဟာ အချစ်ကြောင့်ရူးသွပ်နေတဲ့ အထက်တန်းကျောင်းသူ ကောင်မလေးတစ်ယောက်လို့ မျက်ရည်တွေနဲ့သာ သူမရဲ့ အချစ်ကို ဖွင့်ဟပြောဆိုလေတယ်... သူမရဲ့ ဂုဏ်သိက္ခာကိုတောင်အလေးမထားလေပဲ မီနာဟာ အက်ရှ်လီဂျိုင်းလ် သူငယ်ချင်းအဖြစ်လေးနဲ့တင် နေရလည်း ဖြစ်လေကြောင်းဆိုလေပြန်တယ်...

5. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-3 (သြရိုမန်)Where stories live. Discover now