အခန်း၁၆- သြရိုမန်

19.3K 1.7K 37
                                    

Zawgyi

ဇာတ်လမ်းဟာ လျှင်မြန်စွာပဲ ရှေ့ဆက်ဖြစ်ပွားလေတော့တယ်... သြရိုမန်ဟာ ဘယ်လောက်ဇွဲကောင်းပြီး တွယ်ကပ်နေနိုင်သလဲဆိုတာကို သူမအနားမှာတောက်လျှောက် အမြဲရှိနေတဲ့အချက်နဲ့တင် မီနာနားလည်သိရှိလိုက်ရလေတယ်...

ထို့နောက်မှာတော့ နွေရာသီပိတ်ရက်ဟာ ရောက်လာလေတဲ့အခါမှာ သူဟာ သူ့မိဘတွေရဲ့ Black Card ကို မျက်နှာဗြောင်တိုက်စွာအသုံးပြုပြီး သူ့မိသားစုနေထိုင်ရာ နယူးယောက်ဆီကိုဦးတည်ထွက်ခွာမယ့် လေယာဉ်လတ်မှတ်ကိုမီနာနဲ့ သူ့အတွက်နှစ်ယောက်စာ ၀ယ်လိုက်လေတော့တယ်...

ပိတ်ရက်နှစ်လလုံးလုံးမှာတော့ သြရိုမန်ရဲ့မိသားစုဟာ ထူးဆန်းလှစွာပဲ သူမကို ချွေးမတစ်ယောက်အဖြစ် အလွယ်တကူ မှတ်ယူကြလေတာဖြစ်လေတယ်... သြရိုမန်နဲ့ အလားတူလှစွာ သူ့မိဘတွေနဲ့ အစ်ကိုတွေဟာ အင်မတန်မှ ဖော်ရွေရင်းနှီးတတ်တဲ့သူဖြစ်ကြလေတယ်...

ပြောရရင်တော့မီနာဟာ သြရိုမန်နဲ့ သူ့မိသားစုတွေနဲ့ အတူရှိနေချိန်မှာ မင်းသမီးလေးတစ်ပါးလို ဆက်ဆံခံရလေမှန်း သူမကိုယ်သူမ သတိထားမိလေတော့တယ်...

မီနာ့ ကိုယ်တွင်းက ၀ိဥာဉ်ဟာ အလိုလိုက်ခံရတာကို နှစ်သက်သူတစ်ဦးဖြစ်လေတာကြောင့် သူမဟာ ဒီအမျိုးသားလေးနဲ့ သူ့မိသားစုတွေဆီက အလိုလိုက်မှုနဲ့ သဘောကျမှုတွေကို အလွယ်တကူကျင့်သားရသွားလေတော့တာဖြစ်တယ်...

နွေရာသီပိတ်ရက်ကုန်ဆုံးသွားချိန် ဒီစုံတွဲ ကျောင်းကိုပြန်တက်တဲ့အခါမှာတော့ မကောင်းသတင်းနဲ့ကျော်ကြားခဲ့တဲ့ ဒီကောင်ဆိုးလေးဟာ သူ့ကောင်မလေးကို မိဘတွေနဲ့ မိတ်ဆက်ပေးဖို့ခေါ်သွားခဲ့တယ်ဆိုတဲ့အကြောင်းကို တစ်ကျောင်းလုံး သိသွားကြလေတော့တယ်...

သြရိုမန်ရဲ့ သူငယ်ချင်းတွေဟာ ဒီအကြောင်းနဲ့ သူ့ကိုတောက်လျှောက် စနောက်နေခဲ့တာကြောင့် တစ်ကျောင်းလုံးဟာ ဒီအကြောင်းကို အမှတ်မထင် သိကုန်ကြတာဖြစ်လေတယ်...

ကျောင်းရဲ့ လူဆိုးလေးဟာ မိန်းကလေးတစ်ယောက်နဲ့ လေးနက်တဲ့သမီးရည်းစားဆက်ဆံရေးရှိနေလေတယ်ဆိုတဲ့ သတင်းကတင် တော်တော်ကြီးမားနေလေပြီဖြစ်တယ်...

5. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-3 (သြရိုမန်)Donde viven las historias. Descúbrelo ahora