Part-24

6K 495 34
                                    

ကျောင်းနောက်ဘက် ရေကန်ငယ်ဘေးရှိ ခုံတန်းတွင် Chanyeol နှင့် KyungSoo ထိုင်နေကြသည်.။နှစ်ယောက်လုံး၏ အကြည့်များသည် ကန်ရေပြင်ငယ်သို့ အကြောင်းပြချက်မရှိ ငေးငိုင်နေမိကြ၏။

“Kim JongIn က ငါ့ကိုချစ်တယ်တဲ့”

Chanyeol စောင်းငဲ့ကြည့်လိုက်သည်.။ KyungSoo ကတော့ သူ့ကိုပြန်ကြည့်မနေပါ.။

“သူ့က မင်းကိုချစ်တာ သေချာလို့လား.?? သူ အထိမခံစောင့်ရှောက်ချင်သူက BaekHyunee မဟုတ်ဘူးလား.”

“ခု မင်းကငါ့အစား Baekhyun ကို သ၀န်တိုနေတာလား.??”

KyungSoo တည့်တည့်ကြည့်ပြီး မေးလာတော့ အကြည့်လွှဲရသူက Chanyeol ဖြစ်သွားသည်.။ အမှန်တကယ်လည်းသူ့မှာ အဖြေမရှိ.။

“BaekHyun နဲ့တွဲနေတယ်ဆို .”

“ငါ Kim JongIn ကို နာကျင်စေချင်တာပါ.။”

“တကယ်မချစ်ဘူးပေါ့.”

ဒီတစ်ခါလည်း Chanyeol က မဖြေပြန်ပါ.။ KyungSoo သက်ပြင်းမောချကာ ခပ်ဖွဖွပြုံးလိုက်သည်.။

“ငါ့ကိုအားနာနေတာဆိုရင်တော့ မလိုဘူးနော်.”

“Kyungie  ငါ က-”

“ခုနေ ငါနဲ့ BaekHyun ကို ရွေးချယ်ရမယ်ဆို မင်း ဘယ်သူ့ကိုရွေးချယ်မလဲ Chanyeol..”

“မဟုတ်တာတွေ မမေးနဲ့လေ.။”

“မင်းမှာ အဖြေမရှိပါဘူး Chanyeol. .။ ငါလည်းစကားသက်သက်မေးတာပါ.။ လက်တုံ့ပြန်လိုစိတ်တစ်ခုတည်းနဲ့ အချစ်ကို မဆုံးရှုံးစေနဲ့ ။ ခု မင်းစိတ်က ငါ့ကိုပြန်လိုချင်တာထက် Kim JongIn ကို လက်တုံ့ပြန်ချင်တာ များနေတယ်.။ပိုပြီး ရှင်းရှင်းပြောရရင် မင်း ငါ့ကို တကယ်မချစ်ခဲ့ပါဘူး.။မင်း လက်ထဲက သူကို တခြားသူက လုယူသွားလို့ မင်း သည်းမခံနိုင်ဖြစ်တာ.ဟုတ်တယ်မလား Chanyeol??”

“Kyungie ငါတောင်းပန်ပါတယ်.”

“တောင်းပန်စရာမလိုပါဘူး.။ငါတို့တွေက အချစ်ဦးဖြစ်ခဲ့ကြတယ်ပဲထားပါတော့။ ဘ၀အတွက်အရေးကြီးဆုံးအချစ်ကိုရှာမတွေ့ခဲ့သေးတာ.။”

စကားသံတို့တိတ်ဆိတ်လျက် ခေတ္တမျှ ထိုင်ခဲ့ကြပြီးမှ ထိုနေရာမှ ထွက်လာခဲ့ကြသည်.။ Chanyeol အိမ်သို့ စာအုပ်ယူရန် KyungSoo ပါလိုက်လာခဲ့လိုက်သည်။

အချစ်ကို သူဖန်ဆင်း၏။Tempat cerita menjadi hidup. Temukan sekarang