Part-18

5K 456 10
                                    

“အ~ ”

အသံသေးသေးလေးထွက်လာတော့ Chanyeol ဆေးထည့်ပေးနေရာမှ စိတ်မကောင်းသလိုကြည့်သည်.။ နှုတ်ခမ်းထောင့်စွန်းသည် ဖူးယောင်နေ၏။

“တအားနာနေလား BaekHyunee.”

“Channie ဘာလို့ ဟိုလူတွေကို အဲ့လောက်စိတ်လွတ်ကိုယ်လွတ်ထိုးရတာလဲဟင်.”

Chanyeol လက်လေး ခဏတုန့်သွားသည်.။ သူလည်းမသိပါ.။ဘာလို့ အဲ့လောက်ထိ စိတ်ကြမ်းသွားမှန်းမသိ.။ တစ်ဖက်လမ်း မှာ BaekHyun ကို မြင်၍ ကားရပ်လိုက်စဉ် ယိုင်ခနဲနေအောင်အထိုးခံလိုက်ရသည်ကို မြင်တော့ ဘာမှ မစဉ်းစားနိုင်ဘဲ ပြေးဆင်းလာခဲ့မိသည်.။ အဲ့ချိန်က သူသိသည်က BaekHyun ကို အထိခိုက်အနာတရမဖြစ်စေချင်တာတစ်ခုတည်းရယ်သာ..။

“ကိုယ့်ကို စိတ်ဆိုးပြေပြီလား ”

“အမ် ~ စိတ်ဆိုးတာ ကျွန်တော်မှမဟုတ်တာ Channie လေ.”

မျက်နှာခပ်တည်တည်နှင့် မထုံတတ်တေးလုပ်နေသူ Byun BaekHyun ကို စိတ်ရှိလိုက်ရှိ ကိုင်မွှေ့ပစ်လိုက်ချင်ပါသည်.။ Chanyeol တစ်ချက်ရယ်ကာ ဆေးပုလင်းတွေ သိမ်းလိုက်ပြီးမှ သူ့ဘေးဝင်ထိုင်လိုက်သည်.။

“ကျောင်းမှာမြင်ရက်နဲ့ မမြင်ချင်ယောင်ဆောင်တာကဘယ်သူလဲ ”

“ဘယ်သိမလဲ ??”

ပေါ်လာပါပြီ.။ခပ်ဂျစ်ဂျစ်စရိုက်တွေ.။ သူ့ခေါင်းကဆံပင်အုပ်အုပ်လေးတွေကို တစ်ချက်ဆွဲဖွပစ်လိုက်မိ၏။ သို့သော် BaekHyun သည် သူ့ခါးတွေကိုဖက်တွယ်လာကာရင်ခွင်ထဲ ၀င်လာသည်ကြောင့် Chanyeol တောင့်ခနဲဖြစ်သွားရသည်.။

“BaekHyunee.~”

“ဘာဖြစ်လို့လဲ ခါတိုင်းလဲ ဖက်နေကြပဲကိုး.”

BaekHyun အတွန့်တက်ကာ သူ့ခါးကိုပိုတိုးဖက်လိုက်သည်.။ ဒီရင်အုပ်ကျယ်နှင့် ခါးတစ်ခွင် ကို KyungSoo Hyung ဖက်တွယ်ခဲ့ဖူးမည်ကိုတွေးမိတော့ သ၀န်တိုစိတ်လေးက သေးသေးဝင်သည်.။ မနက်ကတည်းက JongIn Hyung ကလည်း သတင်းကိစ္စ ကိုဖြေရှင်းပြီးကြောင်းနှင့် စိတ်မပူရန် message ပို့ပြီးသားဖြစ်၍ စိတ်က မပူပါ.။သို့သော်ငြား အနေအထိုင်ဆင်ခြင် ဟုသည့် Chanyeol ၏ စကားသည် နားထဲသံရည်ပူလောင်းထည့်လိုက်သည့်နှယ်..။ ခဏ ခဏ ပြန်ကြားယောင်မိနေသည်.။

အချစ်ကို သူဖန်ဆင်း၏။Where stories live. Discover now