Part-17

4.8K 461 12
                                    

Chanyeol ကျောင်းသွားရန်ထွက်လာပြီးမှ လက်ထဲက ဖုန်း၏ message ၀င်သံကြောင့် ဧည့်ခန်းထဲတွင် ခဏထိုင်လိုက်သည်.။ Chen ပို့ပေးထားသည့် Website link တစ်ခုကို ဖွင့်ကြည့်လိုက်တော့ မျက်မှောင်ကြုံ့သွားရလေပြီ.။ ပျော်ပါးနေသည့် ပုံရိပ်တို့ကအသက်ဝင်သား.။
ထိုသတင်းကြောင့် KyungSoo ကို စိတ်ပူသွားရကာ ချက်ချင်းဖုန်းဆက်လိုက်မိသည်.။ ဖုန်းဝင်ပြီး ကိုင်မည့်သူ မရှိ.။ ကျွတ်တစ်ချက်စုပ်သပ်ကာ ဆက်တိုက်ခေါ်နေမိရင်း လှေကားပေါ်က ဆင်းလာသည့် သူ ထံအကြည့်ရောက်သည်.။

“Channie ~ ကျောင်းမသွားသေးဘူးလား ??”

“တော်တော်မှ ပျော်ခဲ့ရဲ့လား ”

“ဟမ်~~”

“သြော် Kim JongIn နဲ့သွားလည်ခဲ့တာ တော်တော်မှ ပျော်ခဲ့ရဲ့လားလို့.”

Chanyeol အမေးက ခနဲ့သံနှင့်မို့ BaekHyun အနည်းငယ်တော့ ထူးဆန်းသွားရသည်.။ ဧည့်ခန်းတွင် ၀င်လည်း မထိုင်ဘဲ ကျောပိုးအိတ်ဝါ၏ ကြိုးနှစ်စကို တင်းတင်းဆုပ်ကိုင်ထား၇င်းက နားမလည်သလို ပြန်ကြည့်မိ၏။

“အနေအထိုင်ဆင်ခြင် BaekHyunee .scandal ထွက်စေပြီး KyungSoo ကို စိတ်ရှုပ်အောင်မလုပ်နဲ့.။ မင်းတို့လည်ပတ်နေတဲ့ ပုံတွေက သတင်းတက်လာတယ်လေ. အဟက်~~~ Kim JongIn က နာမည်ကြီးဆိုတော့ ”

အကြောင်းအရာကို တိတိကျကျမဖမ်းမိပေမယ့် အရိပ်အမြွက်တော့ BaekHyun သဘောပေါက်လာသည်.။ ခပ်မဲ့မဲ့ပြုံးမိလိုက်သည်ထင်.။

“အဲ့တော့ မကောင်းဘူးလား ??”

“ဘာ??”

“ကျွန်တော်က JongIn Hyung နဲ့ သတင်းထွက်တော့ Channie က KyungSoo Hyung ကို ပြန်ယူနိုင်ဖို့ ပိုလွယ်သွားတာပေါ့.။ကျွန်တော်က ကူညီတဲ့သဘောတောင်ရောက်သေးတယ်မလား??”

“BaekHyunee မင်း !!”

BaekHyunee ၏ မျက်ဝန်းထဲက နာကျင်ရိပ်တစ်ချို့ကိုဖမ်းမိလိုက်ကာမှ Chanyeol နောင်တရသွားသည်.။ တကယ်ဆို ကိုယ် ဆိုလိုချင်ခဲ့တာတော့ အဲ့လိုမဟုတ်.။ JongIn နဲ့မပတ်သက်စေချင်တာ.။ ကလေးဆန်တယ်ဆိုဆို.. သူ့ရဲ့ BaekHyunee ကို Kim JongIn နှင့် မပတ်သက်စေချင်.။

“ပြီးတော့ အနေအထိုင်ဆင်ခြင်ရအောင် ကျွန်တော်က- အကျင့်စာရိတ္တပျက်ပြားနေတဲ့သူမျိုးမဟုတ်ပါဘူး Channie.”

အချစ်ကို သူဖန်ဆင်း၏။Where stories live. Discover now