Part-12

4.6K 423 2
                                    

မနက် မျက်နှာသစ်ပြီး ရေချိုးခန်းထဲ က ထွက်လာ လေတော့ ကုတင်ပေါ်တွင် တင်ထားသည့် အနက်ရောင် ဗူးကြီးကို မြင်ပြီး KyungSoo အံ့သြ သွားသည်.။

“Kyungie ရေ ၀တ်စုံက ကုတင်ပေါ်တင်ထားတယ်နော်.။တခြားလိုအပ်တာလေးတွေ ရှိရင်လည်းပြော.။မေမေ နဲ့ဖေဖေ တော့  ဟိုတယ်ကို အရင်သွားနှင့်ပြီ” 

မေမေ က အခန်းထဲဝင်လာလိုက် ပြန်ထွက်သွားလိုက်နှင့် ဘာတွေ အလုပ်ရှုပ်နေမှန်းမသိ.။ ဘူးအငယ်လေးတွေကိုလည်း စားပွဲပေါ်လာတင်ကာ မေမေ က ၀တ်စုံအသစ်တွေနှင့် တောက်ပလှပနေသည်.။ဘာလို့များ ??? အတွေးမဆုံးခင် စိတ်တို့ ထိုင်းမှိုင်းသွားရ၏။ မင်္ဂလာပွဲ..ဒီနေ့က Kim JongIn နဲ့ KyungSoo ရဲ့ မင်္ဂလာပွဲ.။

“လုပ်စ၇ာ ရှိတာလုပ်နော် Kyungie နေ့လည် တစ်ပွဲ  ညနေတစ်ပွဲဆိုတော့ မေမေ့သားလေးတော့ ပင်ပန်းတော့မှာပဲ”

ကုတင်ဘေးက ဆိုဖာပေါ်တွင် ည၀တ်အင်္ကျီတောင် မလဲရသေးဘဲထိုင်နေသာ သူ့ကို မေမေက အားမရသလိုကြည့်လာသည်.။

“ဟမ်..မင်္ဂလာဆောင်က ဘယ်နှစ်ခေါက်လုပ်နေတာတုန်း.”

“နေ့လည်က JongIn ရဲ့ ဖေဖေ က သူ့ မိတ်ဖက်တွေနဲ့ စီစဉ်ပေးတာလေ.။ညနေကျမှ JongIn စီစဉ်တဲ့ပွဲ.။ သား ဖိတ်စာ မကြည့်ဘူးလား..ဒုက္ခပါပဲ..။ လုပ်ထားနော် မေမေ သွားပြီ.”

မေမေ လောပြီး ထွက်သွားသည်အထိ KyungSoo ထိုင်နေရာမှ မထသေး.။ ဘာတွေများ ဒီလောက်တောင် ကြီးကျယ်ခမ်းနား နေရပါလိမ့်.။ ဖွင့်မပြောပေမယ့် မိဘနှစ်ပါးလုံး ပျော်နေတာမြင်ရတော့လည်း သူ စိတ်ချမ်းသာရပါသည်လေ.။လုပ်ငန်းရှင်တွေ အလယ်မှာ JongIn ၏ ယောက္ခမဆိုပြီး နာမည်ကြီးနေတာကို ဖေဖေ သဘောကျနေတာလည်းမြင်တွေ့ရခဲ့ပြီးပြီ.။ ဖေဖေ ကတစ်သက်လုံး ပင်ပင်ပန်းပန်းနဲ့ သူတို့ကို ပြုစုလုပ်ကျွေးခဲ့သူမို့ တစ်ခါလောက်ပဲဖြစ့်ဖြစ် ဖေဖေ့ ကိုချွေးသိပ်ခွင့်ရတာ သူ ပျော်ရမှာပေါ့..။ဟုတ်တယ်.ပျော်နေရမယ်.။

အတွေးနဲ့ဆန့်ကျင်စွာ မျက်ရည်က ပေါက်ခနဲကျသည်.။ အချစ်ကရော. သူငယ်ချင်းလို ချစ်သူလိုချစ်ခဲ့ရသည့် Park Chanyeol ကရော.။သူငယ်ချင်းတွေ အားလုံးနဲ့ သူတို့နှစ်ယောက် ပျော်ခဲ့ကြတာတွေ ပြန်စဉ်းစားမိတော့ ခဏလောက်တော့ စိတ်လွတ်ကိုယ်လွတ်ငိုကြွေးမိသည်.။

အချစ်ကို သူဖန်ဆင်း၏။Where stories live. Discover now