Part-5

4.6K 446 13
                                    

လူက နည်းနည်းအသက်ရှုကြပ်သလို ဖြစ်လာတော့မှ   BaekHyun နိုးလာသည်။ သူ ရောက်နေတာ Channie ရင်ခွင်ထဲမှာ ။ အသာလေးကြည့်မိတော့ Channie က အိပ်ပျော် နေသည်။ပြေပြစ်ချောမောနေသော မျက်နှာမှာ အပြစ်ပြော စရာ မရှိ လောက် အောင် ချောသည်။ နှာတံစင်းစင်းလေးတွေ…ခပ်နက်နက် မျက်တောင် စိပ်စိပ် လေးတွေ..Channie  က ဘာလို့ဒီလောက်တောင်ချောလာတာ လဲ။ ခုလည်း သူ့ကို လွတ်သွားမည့်အလား အတင်းကိုဖက်ထားတာ.

“အင်း…BaekHyunee နိုးပြီလား ?”

လူးလူးလွန့်လွန့်လှုပ်ရှားမှုကြောင့် Chanyeol ပါ နိုးလာသည်။  BaekHyun ကိုဖက်ရင်း သူခဏအိပ်ပျော်သွားတာ.

“ဘယ်ချိန်ရှိပြီလဲ ..မေမေ လည်း လာမနိုးဘူး။”

“၇ နာ၇ီ”

“ဟင် အဲ့လောက်တောင်ရှိသွားပြီလား ။BaekHyunee  ဗိုက်ဆာပြီလား”

“အင်း ဆာပြီ”

“လာ!!”

အိပ်ရာပေါ်မှ ချက်ချင်းထကာ BaekHyunee လက်လေးဆွဲပြီး အောက်ဆင်းလာခဲ့ သည်။အောက်ထပ်ရောက်တော့ ထမင်းစားခန်းထဲမှာ ဖေဖေ နဲ့မေမေ။

“ဖေဖေ တောင်ပြန်ရောက်နေပြီလား”

“စောနကပဲ ရောက်တာ။ လာပါဦး BaekHyunee ဦးငယ်ဆီကို!!”

ငင့်!! မေးတာက သူ။ ခေါ်တော့ BaekHyunee…ဟိုကလေးကလည်း သူ့လက်ကို ဖြုတ်ကာ ဖေဖေ့နားသွားထိုင်သည်။

“ဦးငယ် သားကိုချစ်သေးလား??”

“သြော် သားရယ် ဟိုကောင် Chanyeol ထက်တောင် လေးလေးက သားကိုပိုသေးတယ်။”

ချစ်စဖွယ်မျက်နှာလေးနဲ့မေးလာတာကိုး Mr Park  မဆိုင်းမတွပင်ပြန်ဖြေ လိုက်သည်။ငယ်ငယ်ကလို ခုထိ မစိမ်းသေးဘဲ ချွဲတတ်တာကို ၀မ်းသာရ၏။ ဝေးသွားတော့ အနေစိမ်းမှာကို စိုးရိမ်ရတာ။

“ဟင် ဖေဖေ ကတော့ လုပ်ပြီ။ ခရီးရောက်မဆိုက် ကိုယ့်သားထက်ပိုချစ်ရတဲ့သူကရှိရသေးတယ်.”

“Channie  မနာလိုမဖြစ်စမ်းပါနဲ့။”

“အေးပါကွာ..”

“ကဲ ထိုင် ထိုင် ညစာ စားဖို့တောင်နောက်ကျနေပြီ သားဖေဖေပြန်ရောက်မယ်ဆိုလို့စောင့်နေလို့။မေမေ သားတို့ကို လာကြည့်တော့လည်းအိပ်နေသေးလို့လေ။”

အချစ်ကို သူဖန်ဆင်း၏။Where stories live. Discover now