Part-23

5.5K 516 30
                                    

ခန္ဓာကိုယ် တစ်ခုလုံး နွေးထွေးပြီး သက်တောင့်သက်သာရှိနေသည်ကြောင့် ထိုနွေးထွေးသည့်အရာထံသို့ပိုလို့တိုးဝင်မိ သည်.။KyungSoo မျက်နှာအပ်မိသည်က ရင်ခွင်ကျယ်တစ်ခု.။ ထိတ်ခနဲလန့်သွားလေတော့ ရုန်းထွက်မိသည်.။

"အိပ်ဦး Kyung . စောသေးတယ်."

"Kim JongIn Shi ~ "

အသံထွက်ရုံလေး ခေါ်မိတော့ အင်းဆိုကာ Kim JongIn ပြန်လည်အိပ်မောကျသွားသည်.။ သို့ပေမယ့် ခပ်တင်းတင်းလက်တွေက KyungSoo တစ်ကိုယ်လုံးကိုသိမ်းကြုံးပွေ့ထားဆဲဖြစ်သည်.။မျက်လုံးလေးပြူးလျက်ကပင် အခန်းပတ်ဝန်းကျင်ကို ဝေ့၀ဲကြည့်မိတော့ ကိုယ့်အခန်းမဟုတ်တာကိုသတိရသွား၏.။ သူ မနေ့က စပျစ်ခြံကိုလာခဲ့တာပဲ.။ တစ်ညလုံးလည်းအိပ်မပျော်ဘဲ ဘာကို စိတ်မကောင်းဖြစ်မှန်းမသိဖြစ်နေခဲ့ပြီးမှ သူ အနှစ်သက်ဆုံး နေရာကို အစောကြီးထွက်လာခဲ့တာ.။ ခုတော့ Kim JongIn ရင်ခွင်ထဲမှာတဲ့လား ??

"ဖယ်ပေး.ကျွန်တော် မအိပ်ချင်တော့ဘူး.။"

နည်းနည်းတင်းတင်းရုန်းလိုက်တော့ Kim JongIn လူးလူးလွန့်လွန့်ဖြစ်ကာ ထထိုင်လိုက်သည်။ ထို့နောက် KyungSoo နဖူးထံ လက်လှမ်းတင်၏။

"အဖျားတော့ မရှိတော့ဘူး.။ ခဏနေ စားသောက်ပြီးရင် ပြန်ကြမယ်နော်."

"ဘယ်လိုလုပ်ဒီရောက်နေတာလဲ.??"

"မင်းသူငယ်ချင်းတွေနဲ့လိုက်လာတာလေ.။ သူတို့ကတော့ အစောကြီးထပြန်သွားပြီ.။ မင်း မနိုးသေးတာနဲ့.။ထလာခဲ့နော်.ကိုယ်ရေနွေးစပ်ပေးထားမယ်."

ဘယ်တုန်းကမှ ဘာမှ မဖြစ်ခဲ့သလို အနေအထားနှင့် KimJongIn သည် သက်တောင့်သက်သာပင် အခန်းထဲက ရေချိုးခန်းထဲ ၀င်သွားသည်.။တော်သေးတာက စပျစ်ခြံဆိုသော်ငြား ခြံရှင်အဒေါ်ကြီးတို့က လူနေမှုစနစ်ကိုတော့မြို့ပြနှင့်တန်းတူ တန်းညှိထား သဖြင့် အသုံးအဆောင်ပစ္စည်းများကလည်းပြည့်ပြည့်စုံစုံရှိလှသည်.။

ထမည် ဆိုသောသူက မထနိုင်သေးဘဲ ခုထိ အိပ်ရာထက်မှာ ငုတ်တုပ်.။ Kim JongIn ရေချိုးခန်းထဲက ပြန်ထွက်လာတော့ bathrobe တစ်ထည်နှင့် ရင်ဘတ်ကလည်းကြွက်သားတို့ကိုလည်း အတိုင်းသားမြင်နေရသည်.။

အချစ်ကို သူဖန်ဆင်း၏။Where stories live. Discover now