Part-1

18K 588 24
                                    

Part-1

“ဒီနေ့မှာ ကျရောက်တဲ့ Park Chanyeol နဲ့ Do KyungSoo တို့ရဲ့ ချစ်သူသက်တမ်း တစ်နှစ်ပြည့်ကနေ စပြီး နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်နိုင်ပါစေ။ အမြန်ဆုံးလည်းရွှေလက်တွဲနိုင်ပါစေ”

Chen ရဲ့ခပ်ကျယ်ကျယ် ဆုတောင်းပေးသံအဆုံးမှာ သူငယ်ချင်းတွေရဲ့ လက်ခုပ်သြဘာသံ ကထွက်ပေါ်လာသည်။ စားသောက်ဆိုင်ရဲ့ VIP သီးသန့်ခန်းထဲမှာ သူတို့ စုစုပေါင်း ၅ယောက်သာ။ စားပွဲပေါ်က Anniversary cake လေးကို နှစ်ယောက် အတူ မီးမှုတ်လိုက်ကာ KyungSoo မျက်နှာလေးပြုံးနေတာကို  Chanyeol သဘောကျ စွာကြည့်နေမိသည်။

“အဟမ်း အဟမ်း Park Chanyeol သတိလေးထားဦး Anni မှာ ငုတ်တုတ်ကြီး အသက်ထွက်သွားလို့ ကျော်မကောင်းကြားမကောင်း SNS ပေါ်တက်လာဦးမယ်”

“ခွေးကောင်..”

ခပ်တိုးတိုးဆဲရေးပြီး Chen ပုခုံးကို လက်သီးနှင့်လှမ်းထိုးလိုက်သည်။

“ဒါပဲလား KyunSoo ရဲ့.။။ ညနေကျရင် တစ်ဝိုင်းပေးရဦးမှာနော်။”

“အေးလေ ညနေဘယ်သွားကဲရင် ကောင်းမလဲ”

Xiumin နဲ့ Suho  အတိုင်အဖောက်ညီနေတာကို KyungSoo  မျက်မှောင်ကြုံ့ကြည့် ကာ..

“မင်္ဂလာဆောင်တာလည်း မဟုတ်ဘဲနဲ့ မနက်တစ်ဝိုင်း ညတစ်ဝိုင်းကျွေးစရာလား။တော်ပြီ ဒါပဲ”

“အေးလေ ငါတို့အတွက် ဘာလက်ဆောင်မှကျတော့ မပေးကြဘူး သုံးယောက်လုံး”

“အံမယ် ငါတို့ရင်ထဲက ဆုတောင်းစကားတွေက မင်း တို့အတွက်လက်ဆောင်ပဲပေါ့ကွ.”

Chen စကားကို Xiumin ကလက်မလေးထောင်ကာ Suho က ခေါင်းတညိမ့် ညိမ့်နှင့် ထောက်ခံသည်။

“တော်ပါပြီ။ ကဲ စားပြီးပြီမလား သွားတော့!!”

“ဟေ့ကောင် အဲ့လိုနှင်လွှတ်တာရှိလို့လား??”

“ခုရှိတယ်။ငါတို့အေးအေးဆေးဆေး စကားပြောဦးမယ်။”

“စကားပြောရုံတင်ဟုတ်လို့လား”

“ဒါ ငါတို့ကိစ္စလေကွာ။ ငါတို့ဘာသာ စကားပြောချင်ပြော နမ်းချင်နမ်း ဘာပဲလုပ်လုပ်---”

အချစ်ကို သူဖန်ဆင်း၏။Where stories live. Discover now