Part~25 💕Z+U

4K 321 105
                                    

"ဟက်..."

ခပ်တိုးတိုးရယ်မိသည်

ဆန်းကျယ်လှတဲ့ ကံတရားကြီးရယ်

အကျယ်ကြီးပါလို့ပြောနေကြတဲ့ ကမ္ဘာကြီးရဲ့ ကျဉ်းမြောင်းမှုရယ်

ပြီးတော့  အချစ်စစ် ဆိုတဲ့အရာရယ်

အမြင်အာရုံတွေက ရှေ့ကမြင်နေရသော ချယ်ရီပင်ကြီးဆီ ရောက်နေပေမဲ့ ကိုယ့်စိတ်အာရုံက ဦးတည်ရာမဲ့ ရွေ့လျားနေဆဲ

Park Yi Xing Park Chan Yeol Byun Baek Hyun Byun Min Hyun

ထိုနာမည်တွေကို တတွတ်တွတ်ရေရွတ်နေမိသည်ထိ သူ့စိတ်အာရုံက ပျံ့လွင့်နေဆဲ

ကျွန်တော်ချစ်တဲ့သူက ကျွန်တော်မုန်းသော Byun Baek Hyun ၏ ချစ်သူဆိုတာတင် အားမရလို့

တစ်ချိန်က ကျွန်တော့်အား ချစ်ခဲ့သော Park Yi Xing ၏ ညီဆိုတာပါ သိလိုက်ရတဲ့ တခဏ

ကျွန်တော့်အသိစိတ်တွေ ရပ်တန့်သွားခဲ့တယ်

လောကကြီး ကိုပဲ အရွဲ့တိုက်ရယ်မောလိုက်ချင်တယ်

ဘယ်လိုပါတ်သက်မှုတွေကိုများ ဖန်တီးပေးခဲ့သလဲ

အချစ်

အမည်နာမတွေရေရွတ်ပြီးတော့ သူတို့ပါတ်သက်မှု၏ ဇစ်မြစ်ဆီ ခေါင်းစဉ်ရောက်သွားသည်

အချစ်တဲ့

အချစ်က လူကိုအရာရာပြောင်းလဲသွားစေတယ်

အချစ်က ထိတွေ့မိသူတိုင်းကို နူးညံ့ပျော့ပျောင်းစေတယ်တဲ့

တခါတရံကျတော့လည်း ပိုကြမ်းတမ်းလာစေတယ် တဲ့

အရင်က Drama တွေထဲမှာ သူအဲ့စကားတွေကြားတုန်းက လှောင်ပြောင်ရယ်မောခဲ့ဖူးတယ်

မေတ္တာတရားရဲ့ ငတ်မွတ်မှုကို ခံစားခဲ့ရသည့် သူ့အတွက်

ယုံကြည်ဖေးမမှုဆိုတာ လစ်လျူရှုခြင်းခံခဲ့ရသည့် သူ့အတွက်

အချစ်ကိုဖွဲ့ဆို နှိုင်းယှဉ်တဲ့ စာတွေ ကဗျာတွေက အဟားရဆုံး ဟာသ တစ်ခုနှယ်သာဖြစ်ခဲ့သည်

🌸 When I Touch To Love 🌸Where stories live. Discover now