Part~13💕Z+U

5.5K 439 0
                                    

Yeol:" တောင်း..တောင်းပန်ပါတယ် BaekHyun ငါ..ငါ ရုတ်တရတ် စိတ်လွတ်သွားလို့ပါ "

သေစမ်း သေလိုက်စမ်း Byun BaekHyun မင်းရဲ့ဖြစ်တည်မှုကို မုန်းနေတဲ့သူဆီကမှ ချစ်တယ်ဆိုတာ မျှော်လင့်နေမိတာလား

"Hyunee.."

ပြေးထွက်သွားသောကျောပြင်ငယ်ကို ဆွဲကာပွေ့ဖက်ချင်စိတ်တွေကအပြည့် Hyun ငယ်ရယ် ကိုယ့်ကိုမုန်းလိုက်ပါ မင်းကိုအသုံးချဖို့ကြိုးစားနေမိတဲ့ ကိုယ့်ကို မုန်းလိုက်ပါ မင်းမျက်ဝန်းတွေထဲက အကြင်နာတွေ ခံစားမိပေမဲ့ မတန်ဘူးထင်ပါရဲ့

Jun Myeon Hyung ရဲ့စကားတွေပြန်ကြားယောင်ရင်း ချစ်ရသူအား XingHyung အနားပို့ဖို့ သူ ရူးရူးမိုက်မိုက်တွေးခဲ့မိသည်

နာကျင်စရာတွေပြည့်နေတဲ့ မင်းကို ကိုယ်နောက်ထပ်စိတ်ပင်ပန်းစရာတွေ ထပ်မပေးပါရစေနဲ့တော့ ကိုယ့်အနားကနေဝေးဝေးမှာနေပါ Hyunငယ်

သဲသောင်ပြင်ပေါ်မှာ ဒူးထောက်ခေါင်းငိုက်စိုက်ကျကာ သည်းထန်စွာငိုကြွေးနေသော ကောင်လေး နဲ့ အခန်းထဲ၌ ခေါင်းအုံးထဲမျက်နှာအပ်ကာ ငိုနေသောကောင်လေး ဘယ်သူ့ရင်ထဲက ဒဏ်ရာတွေက ပိုနာကျင်နေမလဲ

ညကအဖြစ်အပျက်မသိလိုက်သော SeHunကတော့ နောက်နေ့မနက်၌ သူ့အားနှုတ်မဆက်ပဲ Seoul ကိုပြန်သွားသော BaekHyunအားပွစိပွစိ ပြောနေလေသည်

တစ်လဆိုသောအချိန်ကာလကြားမှာ ထိုတစ်ခါတွေ့ခဲ့ပြီး ကျောင်းပြန်ဖွင့်သည့်ရက်သို့ပင်ပြန်ရောက်လာသည်

LuHan:" Ya Byun BaekHyun "

ကားပေါ်ကဆင်းသည်နှင့် ကျောင်းပေါက်ဝက Lu Han အသံကဆီးကြိုနေသည် ဂျယ်ဂျူမသွားခင် ညကစကားပြောပြီးနောက်ပိုင်း သူ့အားအဆက်အသွယ်မလုပ်၍ ကောက်နေဟန်ရှိသည်

ကားပေါ်က Appa အား ပြုံးပြရင်း စိတ်ချဖို့ အကြည့်ချင်းစကားပြောလို့ LuHanဆီလျှောက်လာခဲ့သည်

LuHan:" Ya..နေနိုင်တယ်နော် ဂျယ်ဂျူမှာ ပျော်ခဲ့လား ဂျယ်ဂျူသွားမယ်ဆိုပြီးကတည်းကအဆက်အသွယ်မလုပ်တာ ဂျယ်ဂျူမှာအပျော်တွေလွန်ပြီး ငါ့ကိုမေ့နေတာလား "

🌸 When I Touch To Love 🌸Where stories live. Discover now