Part~4💕Z+U

4.9K 480 13
                                    

ကောင်းကင်ပြာကြီးကို သူအကြောင်းမဲ့ငေးကြည့်နေမိတယ်

ဒီနေ့ Hyungကိုနာကျင်စေတဲ့သူကို သူကိုယ်တိုင်နာကျင်အောင်လုပ်ခဲ့ပေမဲ့ သူ့စိတ်တွေ ပေါ့မသွား

သူ့အကြည့်တွေက သိပ်ကို ဖြူစင်လွန်းနေတယ်

Byun Baek Hyun arnyi Jame မင်းငါ့အစ်ကို ကိုအဲ့အကြည့်တွေနဲ့လှည့်စားခဲ့တာပေါ့

ငါကတော့ မင်းအကြည့်တွေမှာ ကျဆုံးမှာမဟုတ်ဘူး Jame

ခုံတန်းရှည်လေးပေါ် လှဲချလိုက်ရင်း လွယ်အိတ်ထဲက မာဖလာလေးအား ထုတ်ယူလိုက်တယ်

မာဖလာအဖြူလေးက စတော်ဘယ်ရီနံ့လေးသင်းနေဆဲ

ကလေးဆန်လွန်းသူလေးရဲ့ အနံ့အသက်လေးထင်ပါရဲ့

ဘာကြောင့်မှန်းမသိ မာဖလာကိုအမြတ်တနိုး နမ်းရှိုက်လိုက်တော့ စိတ်တွေက ကြည်လင်သွားသယောင်

တစ်ဆက်တည်း ကျောပြင်ဖြူဖြူလေးကို မြင်ယောင်မိတော့ ပါးထက်ကပါးချိုင့်လေးပေါ်အောင် ပြုံးလိုက်မိတယ်

ိုသိပ်ချစ်တယ် ကောင်လေး

မာဖလာလေးကို ရင်ခွင်ထဲထည့်လို့ ခုံတန်းလေးပေါ် အိပ်ပျော်သွားသော ကောင်လေးတစ်ယောက် မာဖလာလေးထောင့်စွန်းမှာ ငွေချည်ထိုးထားသော B ဆိုတဲ့စာလုံးလေးကို မမြင်လိုက်မိပါ

°•°•°•°•°•°•°•°•°•°•°•°

"ဘာလုပ်ရမလဲ ဒီ ဒီတိုင်းထားခဲ့ရင် သေသွားလိမ့်မယ် ခေါ်သွားလို့လည်းမဖြစ်ပြန်ဘူး Phoenixနဲ့ထိပ်တိုက်မတွေ့ရဲဘူးအား...ရူးချင်တာပဲ ဘာလုပ်သင့်လဲ "

စတိုခန်းထဲမှ သတိလစ်နေသော ကောင်လေးကိုကြည့်လိုက် တတွတ်တွတ်ရေရွတ်လိုက် အခန်းအပြင်ဘက်ဆီလျှောက်သွားလိုက် ထိုကောင်လေးအနားပြန်လာလိုက်နဲ့ ကောင်လေးတစ်ယောက် အလုပ်ရှုပ်နေသည်

LuHan:"မသိဘူးကွာ လူတစ်ယောက်ရဲ့အသက်ကအလကားရတာမဟုတ်ဘူး Phoenix မကလို့ဘာဖြစ်ဖြစ် Lu Han Fighting မင်းလူတစ်ယောက်ရဲ့အသက်ကို ကယ်တာပဲ မင်းကံကောင်းမှာပါ "

LuHan မည်သော ကောင်လေးသည် ကိုယ့်ကိုကိုယ်အားပေးရင်း အားတင်းကာ စတိုခန်းထဲမှ ကောင်လေးအား ကျောပိုးလျက် ကျောင်းဆေးခန်းရှိရာသို့အပြေးနှင်သွားသည်

🌸 When I Touch To Love 🌸Where stories live. Discover now