Part~21💕Z+U

4K 310 4
                                    

"သားငယ်ကို အဲ့နေ့က အဖြစ်အပျက်တွေပြီးတော့ ဒဏ်ရာအရှင်းပျောက်အောင် ဆေးရုံမှာ နှစ်လလောက် ကုခဲ့ရတယ်

ဆေးရုံကို MinHyun ရောက်လာခဲ့ပြီး သားငယ်ကို သတ်ဖို့ကြိုးစားခဲ့သေးတယ်

MinHyunee က သားငယ်ကိုမုန်းပေမဲ့ သူ့အမေကိုသိပ်ချစ်တဲ့သူပါ

သူ့မျက်စိရှေ့မှာ သူ့ကြောင့်သူ့အမေ အသက်ဆုံးရှုံးသွားရတာ သူ့အတွက်လည်း စိတ်ဒဏ်ရာအကြီးအကျယ်ရသွားခဲ့ပုံပဲ

သားငယ်ကိုပိုမုန်းတီးခဲ့ပြီး ဆေးရုံမှာထိ သားငယ်ကိုသတ်ဖို့ကြံစည်ခဲ့ဖူးတယ်

Uncle အရောက်မြန်သွားခဲ့လို့ပေါ့

အဲ့ဒီနေ့က uncleလည်း သူ့ကိုတော်တော်ပြောမိတယ် ဒါပေမဲ့ သူ့ကိုခွင့်လွှတ်ပေးမယ် ဟိုလူတွေနဲ့မပါတ်သက်ပဲကောင်းကောင်းမွန်မွန်နေဖို့ ပြောခဲ့ပါသေးတယ်

သူက သားငယ်နဲ့ သူ တစ်ယောက်ကိုပဲရွေးချယ်ပါတဲ့

Uncle ရင်ကဖြစ်တဲ့သားနှစ်ယောက် ဘယ်သူ့ကိုရွေးချယ်ပေးရမလဲ သေလုမြောပါး ခံစားခဲ့ရတဲ့ သားငယ်အတွက် လမ်းမှားရောက်နေတဲ့ သားကြီးကို စွန့်လွှတ်ပေးရမလား

စိတ်ဒဏ်ရာဖြစ်နေတဲ့ သားကြီးအတွက် ဆေးရုံကုတင်ပေါ် သတိမလည်သေးတဲ့ သားငယ်ကို ပစ်ပယ်ပေးရမလား

ညှိနှုင်းဖို့ကြိုးစားခဲ့တယ် ချော့ပြီး သားကြီးကို ပြောခဲ့ပေမဲ့ သူ့ဦးလေးရဲ့ စကားတွေကသူ့ရင်ထဲ သံမှိုစွဲနေခဲ့ပြီ သားငယ်ကို သူသိပ်မုန်းတီးနေတယ်

စိတ်ရော လူရော ဒဏ်ရာရနေတဲ့ သားငယ်အတွက် Uncleအပေါ်စိတ်နာနေတဲ့ သားကြီးကို ရင်နာနာနဲ့ပဲ uncleအဲ့နေ့က ဆုံးရှုံးခဲ့ရတယ်

သားငယ်ကလည်း ဆေးရုံကဆင်းပြီးနောက် သူ့အမေစိတ်နဲ့ စိတ်ပုံမှန်မဟုတ်တဲ့ အခြေအနေထိဖြစ်ခဲ့တယ် စိတ်ကျန်းမာရေးဆေးရုံမှာ တစ်နှစ်လောက်ကုသခဲ့ရတယ် ပြန်ကောင်းလာတော့ သူစကားမပြောတော့ဘူး

သားနှစ်ယောက်ကြား တစ်ယောက်ကို လမ်းမှားပေါ်ရောက်နေမှန်းသိသိနဲ့လက်လွှတ်ပေးခဲ့ရတယ် တစ်ယောက်ကိုကျ သေမင်းနှုတ်ခမ်းဝက မနည်းဆွဲယူထားရတယ်

🌸 When I Touch To Love 🌸Où les histoires vivent. Découvrez maintenant