Part~20 💕Z+U

3.9K 333 0
                                    

ရောက်ကတည်းက စကားတစ်ခွန်းမျှအစမပြုသေးသော Hyunee'Appa ကြောင့် ChanYeol နေရခက်နေသည်

သူ့အား နှစ်ယောက်တည်းတွေ့ချင်ပါသည်ဟုဆိုသောကြောင့် Hyunee ပင်မပြောပဲ သူလာတွေ့ရခြင်းပင်

Baek'Appa:"Park Chan Yeol နော် မောင်ရင့်နာမည်က "

Yeol:" Nae Uncle"

Baek'Appa:" သားငယ်နဲ့ပါတ်သက်မှုကို သားငယ်ဆီကနေသိခဲ့ပြီးပါပြီ ခုလိုတွေ့ရတာလည်း သားငယ်အကြောင်းတွေပြောပြချင်လို့"

Yeol:"Nae''

Baek'Appa:" သားငယ်ကို တကယ်ရောချစ်ရဲ့လား ထိခိုက်မှုမရှိအောင် ကာကွယ်ပေးနိုင်မလား ငယ်ငယ်လေးကတည်းက နာကျင်စရာများတဲ့ကလေးမို့ပါ "

Yeol:" ကျွန်တော် Hyunee ကိုမြတ်မြတ်နိုးနိုးချစ်တာပါ ကျွန်တော်တို့တွေရဲ့ဆုံတွေ့မှုကမလှပခဲ့သလိုမရိုးရှင်းခဲ့ပါဘူး uncle နာကျင်စရာတွေကြားထဲကမှ မြတ်မြတ်နိုးနိုးချစ်မိသွားခဲ့တာမို့ ကျွန်တော့်အချစ်ကို သံသယမရှိစေချင်ပါဘူး Hyunee ကိုကျွန်တော့်အသက်နဲ့ထပ်တူ တစ်သက်လုံးကာကွယ်ပေးမှာပါ "

Yeol ၏စကားနှင့်လေးနက်သောအမူအရာတွေကြောင့် Baek'Appa နှုတ်ခမ်းထက်အပြုံးတစ်ပွင့်ခပ်ရေးရေးပေါ်လာသည်

Baek'Appa:"သားငယ်မှာ အမွှာအစ်ကိုတစ်ယောက်ရှိတာ သိလား "

Yeol:"nae Byun Min Hyun Uncle ရှေ့အမှန်အတိုင်းပြောရရင် ကျွန်တော်သိပ်မုန်းတဲ့သူ "

အရောင်ပြောင်းလဲသွားတဲ့ Yeol မျက်လုံးတွေနဲ့စကားတွေကြောင့် Baek'Appaအံ့သြနေသည်

Baek'Appa:"ဘယ်လို??"

Yeol:" သူက ကျွန်တော့်အစ်ကိုရဲ့ဘဝတစ်ခုလုံးကို တစစီဖြစ်အောင်လုပ်ခဲ့တာ "

Xing Hyung အကြောင်းတွေပြောပြတော့ Hyunee'Appa ဆီမှ သက်ပြင်းသံသဲ့သဲ့ကြားခဲ့ရသည်

🌸 When I Touch To Love 🌸Where stories live. Discover now