Part~17💕Z+U

4.2K 315 2
                                    

Kris:" Yi Xing က ဘယ်လိုဖြစ်တာလဲ Jun Myeon "

Jun:" ဒုတိယတစ်ကြိမ်ရှိပြီ Kris "

အမေးနဲ့အဖြေ မကိုက်သော Jun Myeon အားနားမလည်စွာဖြင့် Kris ကြည့်လိုက်သည်

Jun:" Jame သူ့ကြောင့် Xing ဒီလိုဖြစ်တာ နှစ်ခါရှိပြီ "

အိပ်ပျော်နေသော YiXing လက်တွေကိုဆုပ်ကိုင်ထားရင်း YiXing မျက်နှာမှ အကြည့်မခွာပဲပြောနေသော JunMyeon စကားသံတွေက ရှိုက်သံသဲ့သဲ့ပါနေသည်

Kris:" ဘာတွေဖြစ်ခဲ့တာလဲ JunMyeon သေချာပြောစမ်းပါကွာ "

Jun:" မနေ့က Jame ကို တွေ့ခဲ့တယ် Xingလည်းမြင်တယ် ပထမတစ်ခါလိုပဲ သူတုံ့ပြန်တယ် သူလမ်းလျှောက်ဖို့အထိ ကြိုးစားခဲ့တာ Kris သူ သူ အဲ့ကောင်ကိုပဲ မှတ်မိတယ် သူ့ကို ဒီလောက်ရက်စက်ခဲ့တာတောင်ကွာ "

ပြောရင်း ကျလာသော JunMyeon မျက်ရည်စက်တွေက သူကိုင်ထားသော YiXing လက်တွေဆီကျဆင်းကုန်သည်

အထက်တန်းစတက်ကတည်းက YiXing အား တစ်ဖက်သတ်ချစ်နေခဲ့သော JunMyeon အချစ်တွေက ခုချိန်ထိသစ္စာရှိနေဆဲပါ

YiXingပျော်ဖို့ ရင်အကွဲခံပြီး Jameနဲ့ သူကိုယ်တိုင်အောင်သွယ်ပေးခဲ့သလို YiXingအား အရှက်ခွဲခဲ့ချိန်တုန်းကလည်း Jame အားသတ်ဖို့အထိကြိုးစားခဲ့၍ သူမနည်းထိန်းထားခဲ့ရဖူးသည်

သူနာကျင်မှာထက် YiXing နာကျင်တာကိုမကြည့်ရက်သော သူ့ရင်ထဲ၌ YiXing၏ ဒီလိုပုံစံတွေမြင်ရတာ ဘယ်လောက်ခံစားနေရမလဲဆိုတာ Kris နားလည်သလို သနားလည်းသနားမိသည်

Kris:" Jun ရယ် "

JunMyeonကိုယ်လေးအား ဖက်ထားရင်း သူဖေးမပေးတော့ သူ့ပုခုံးထက် မျက်နှာအပ်ကာငိုလေသည်

Jun:" ငါ ဘာလုပ်ရမလဲ Kris ဘာလုပ်သင့်လဲ "

အခန်းထဲဝင်လာသော YiXing'Omma ကလည်းJunအားကြည့်၍ စိတ်မကောင်းပေ

သားကြီးရယ် Jun လို သားကိုချစ်တဲ့သူကို ဘာလို့များမမြင်ခဲ့ရတာလဲကွယ်

Kris:" ChanYeolကို ပြောပြီးပြီလား Jun YiXing ခုလိုဖြစ်တာကို "

Jun:"မပြောရသေးဘူး "

🌸 When I Touch To Love 🌸Where stories live. Discover now