------------------------

အိပ်မက်ဆိုးမှနိုးထလာသောကြောင့်မကြည်လင်သောစိတ်ဖြင့်မျက်နှာသစ်သွားတိုက်ကာဧည့်ခန်းဆီသို့ထွက်လာသည်။

Necktie ဝတ်နေသောဇေယျာဟိန်းထက်အားဧည့်ခန်းရှိမှန်ထဲတွင်လှမ်းမြင်လိုက်ရသည်။

"မင်းခန့်.. သက်သာရဲ့လား..!?"

"ဟုတ်..သက်သာပါတယ်.."

"မနက်စာစားလိုက်ဦး..ပြီးရင်ဆေးသောက်ဖို့မမေ့နဲ့နော်.."

"ဟုတ်ကဲ့ အကို.."

ထမင်းစားခန်းထဲဝင်၍မနက်စာဖြစ်သောပေါင်မုန့်နှင့်ကြည်ဥကြော်အားမင်းခန့်စားပြီးပြန်ထွက်လာသည်အထိဇေယျာဟိန်းထက် Necktie ဝတ်လို့မပြီးသေး။

"စားပြီးပြီလား..မင်းခန့်.. ဆေးသောက်လိုက်နော်.."

"ဟုတ်.."

ဆရာဝန်၏အမှာစကားအတိုင်းဧည့်ခန်းထဲရှိဆေးဗူးအားယူကာသောက်လိုက်ရသေးသည်။

*တောက်* "ဒီ Necktie ကတော့ကွာ.."

ဇေယျာဟိန်းထက်ဆီမှတောက်ခေါက်သံကြောင့်ဆေးပင်လည်ပင်းထဲတွင်တစ်သွားသယောင်မင်းခန့်လန့်သွားသည်။

မသိချင်ယောင်ဆောင်၍မင်းခန့်အခန်းထဲဝင်မည်အလုပ်တွင်-

"အား...အရမ်းကြပ်သွားပြီထင်တယ်.. အဟွတ် အဟွတ်..."

စိတ်တိုတိုနှင့်စည်းမရသော Necktie အားအတင်းစည်းမိသည်ထင်သည် လည်ပင်းကြပ်နေသောကြောင့်ချောင်းပင်ဆိုးနေသည်။

"အကို ရရဲ့လား..??"

မင်းခန့်အပြေးသူ့ဆီသွားလိုက်ပြီးစည်းထားသော Necktie ကြပ်ကြပ်အားကြည့်ကာ-

"အကို Necktieကိုဘယ်လိုတွေဝတ်ထားတာလဲ..?"

"နောက်ကျနေလို့ကွ.. အဟွတ်.."

"ဖယ်..ဖယ်.. ကျနော်ဝတ်ပေးမယ်.."

ထို့နောက်ဇေယျာဟိန်းထက်ရင်ဘတ်နှင့်တန်းလျက်ရှိနေသောအနေအထားတွင်ရှိသည့်မင်းခန့်သည်သူ့အရပ်နှင့်ကွက်တ်ိဖြစ်သောဇေယျာဟိန်းထက်ရင်ဘတ်ပေါ်မှ Necktie အားဝတ်ပေးနေသည်။

ထိုသို့စည်းပေးနေသည်ကိုဇေယျာဟိန်းထက်ကြောင်ကြည့်နေမိသည်။

Past and Future Nơi câu chuyện tồn tại. Hãy khám phá bây giờ