14

2.4K 171 3
                                    

အတောင်ပံ တပ်ပေးပြီး
အဝေးကြီးကို ငေးကြည့်နေလိုက်တယ်
ပျံသန်းသွားသလောက် ချစ်ရပါတယ်။

အချစ်ရေးလမ်းကြောင်းမှာ
ပါးချိုင့်လေးနဲ့ ကျွန်းတွေ ခံနေတော့လည်း
"အကို့အတွက်နဲ့ဆိုလည်း တန်တာပဲ" ဆိုတဲ့ စိတ်နဲ့
ပျော်ရပါတယ်။

မြင်မြင်ချင်း ချစ်မိတာမဟုတ်ပေမယ့်
မြင်ကတည်းက အချစ်တွေပဲရှိခဲ့တာပါ။
သိပ်ချစ်တဲ့အကြောင်း သက်သေပြဖို့
အဝေးကြီး ဝေးစရာ ... လိုလို့လား။
ဓားခုတ်ရာမြင်ရမှ နာကျင်ရမှန်းယုံတဲ့သူတွေကြားမှာ
ငေးမောနေခွင့်ပဲရှိတဲ့ အိပ်မက်တွေ
သွေးတစ်စိမ့်စိမ့် ယိုစီးတဲ့အကြောင်း မပြောတော့ဘူး။
အထားမှားခဲ့တဲ့ မျှော်လင့်ချက်တွေလေ ...
တစ်စစီ ပြန်ကောက်သိမ်းလိုက်ပါတယ်။

*ဘယ်တော့မှ ပြန်ဆုံခွင့်မရှိအောင် ဝေးသွားတာကို
ကံကုန်တယ်လို့ ခေါ်ပါသတဲ့*
တစ်ခါမှ ဆုံခွင့်မရှိပါပဲ ဝေးနေတာကိုကျ
ကံမပါဘူးလို့ ခေါင်းစဉ်တပ်ပါမယ်။
ကြယ်ကြွေဆုတောင်းတွေ ပြည့်မယ့်နေ့ကို စောင့်စားရင်း
အဖက်ဖက်ကနေ တစ်စစီ ပြိုကွဲ။
ဘာမှမဖြစ်ခဲ့ကြပါပဲ
"တော်ပါတော့" ဆိုတဲ့ စကားကို ပြောနေမိတယ်။
တစ်ခါမှ မဆုံခဲ့ကြပါပဲ
သတိရတယ်ဆိုတဲ့စကားကို ပြောနေမိတယ်။
ဆင်းရဲဒုက္ခပါပဲ။

တစ်ဖက်တည်း တီးတဲ့လက်ခုပ်တွေ
ဘယ်အရပ်မှာ အသံမြည်ပါသလဲ။
တစ်စုံတစ်ယောက်လောက် လမ်းညွှန်ပါ
အဲ့ဒီ့အရပ်ကို သွားကိုသွားရမယ့်အခြေအနေမို့ပါ။
အဲ့ဒီ့အရပ်မှာ အဖြူရောင် စက္ကူစွန်တွေ တောင်ပံဖြန့်တယ်ဆို
အဲ့ဒီ့အရပ်မှာ ဘယ်ဘက်လက်သန်းလေး အဖော်မဲ့စရာမလိုဘူးဆို

ဟယ်လို ... အကို
အဝေးကြီးက ဖုန်းခေါ်နေပါတယ်
အကို့စိတ်တွေ ဒီကမ႓ာပေါ်မှာ ရှိရဲ့လား။
ညီမကို သေကောင်းပေါင်းလဲ လွမ်းရအောင်လုပ်ပြီးမှ
အိပ်တဲ့ညတွေမှာ အကို့ကျောတွေ လုံပါရဲ့လား။

ဘတ်ထရီကုန်သွားတဲ့ dream catcher ရဲ့
သေတမ်းစာပါ။
အဝေးကြီးထွက်သွားမှမဟုတ်ပါဘူး
အကိုကျောခိုင်းထားရုံနဲ့
ညီမတို့ကြား နဂါးငွေ့တန်းတစ်ခုစာမက ခြားနေဦးမှာပါ။

ဝေးခဲ့ကြပြီဆိုတာ ပစ္စုပ္ပန်မှာ ပြုံးပြုံးလေး ပြောပြနိုင်ဖို့
လှမ်းမမှီခဲ့တဲ့ အတိတ်တွေမှာ
အသည်းအသန် ငိုကြွေးခဲ့ရတယ်ဆိုတာ ...

သံသရာရေ ...
နောင်တစ်ထောင့်တော့ အတူပျံသန်းခွင့်ပေး







*ပြထားသောစာသားသည် ဆရာမာရီယာလင်း၏ စာသားဖြစ်ပါသည်။

အေဝးႀကီးက ေရးတ့ဲစာWhere stories live. Discover now