9

1.7K 150 13
                                    

လေယာဉ်ပျံတွေမှာ
လုပ်စရာအလုပ်နှစ်ခုပဲရှိတယ်
တစ်ခုက လိုရာခရီးရောက်အောင်သွားဖို့
နောက်တစ်ခုက ပျက်ကျဖို့။

အကို့ရင်ခွင်နဲ့ မလွတ်ခဲ့တဲ့ တောင်ပံတစ်စုံပါ
စောင်းငဲ့အကြည့်လေး ရဖို့အတွက်
တစ်စစီ ကျိုးပဲ့ပျက်စီးခံလိုက်တာ
တန်ရဲ့လား ... ။
အကို့မျက်နှာအရိပ်အကဲလေးပဲ ကြည့်ပြီးနေလာခဲ့ပါတယ်။
အကို့ရဲ့ အပြုံးတစ်ပွင့်မြင်ရုံမျှ
နာကျင်မှုတွေနဲ့လည်း ရောင့်ရဲတတ်ခဲ့တယ်။

မျက်လုံးပိတ်ထားရင် ဘာမှမမြင်ရဘူးလို့
လူတွေတွေးတာ မှားတယ်
တကယ်တော့ အကို့ကို မြင်နေရတာပဲ။
ညီမ ဘေးနားကလွဲရင်
နေရာတိုင်းမှာ အကို ရှိတယ်။

ချစ်ပါတယ် အကို
မိန်းကလေးတစ်ယောက်က ယောကျာ်းလေးတစ်ယောက်ကို
ပြောတဲ့စကားလို့ မှတ်ယူပါ။
တစ်ခါမှမတွေ့ဆုံဖူးသူတစ်ယောက်ကို
ဘယ်လိုလုပ်ချစ်နိုင်မှာလဲလို့တော့ မမေးပါနဲ့။
အချစ်ဆိုတာ နေရာတိုင်းမှာရှိနေတာပဲမို့လား။
သတိမထားမိလို့သာ မမြင်နိုင်ကြတာပါ။
စဉ်းစားကြည့်ရင် အချစ်ဆိုတာ
အကို့နဖူးပေါ်က ချွေးစက်ကလေးလည်း ဖြစ်ချင်ဖြစ်နိုင်တယ်
အကို့ လက်သည်းခွံကြည်ကြည်ရှည်ရှည်လေးလည်း ဖြစ်နိုင်တယ်
ခံစားတတ်ရင် အရာအားလုံးဟာ အချစ်ပါပဲ။

ချစ်တယ်ဆိုတာကို ပြောပြခွင့်မရှိတာကလွဲရင်
အကို့ကို ညီမ တတ်နိုင်သလောက် ချစ်ခဲ့ပါတယ်။
"တစ်မိုးအောက်ထဲမှာပဲ" ဆိုတဲ့ စကားလေးနဲ့
အရာရာကို ကျေနပ်လိုက်ရတယ်။
တစ်ခါတစ်လေ ဆန္ဒနောက်ကို ဘာမှမလိုက်နိုင်တော့တဲ့အခါ
လောကကြီးကို အရှုံးပေးချင်သွားတယ်။
တစ်ချို့ timing လွဲမှားခြင်းတွေကကျ
ရင်ဘတ်နဲ့ရင်းပြီး ခံစားရတယ်။
*တကယ်တော့ အိပ်မက်ဆိုတာလည်း
ချိုးနှိမ်ခံထားရတဲ့ ဆန္ဒတွေပါပဲ*

လူတွေရဲ့နှလုံးသားဟာ သိပ်ထူးဆန်းတယ်
နာကျင်ရတဲ့အရာကိုမှ စွဲလန်းမိကြတယ်။
တတ်နိုင်သမျှကတော့ ငေးနိုင်ရုံပါပဲ
ညီမ ကံမဆိုးပါဘူးပေါ့
ကံကောင်းတယ်ရယ်တော့ ဘယ်ဟုတ်မလဲ။

အိပ်မက်တွေ လိမ်တယ်
အကိုဟာ ညီမအပိုင်ပါတဲ့။
ပုံပြင်တွေလည်း လိမ်တယ်
ကောင်းသောသူအတွက် ကောင်းသောအရာတွေဖြစ်လာမှာပါတဲ့။
ကြယ်ကြွေတွေရော လိမ်ကြသလား
တဆိတ်လောက် ... ပြန်ဖြေစမ်းပါ။

















*  ပြထားသော စာသားသည် မေဇော်၏ စာသားဖြစ်ပါသည်။

အေဝးႀကီးက ေရးတ့ဲစာWhere stories live. Discover now