11

1.6K 149 4
                                    

ပျော်သလိုနေပါ အကိုရေ
အကိုနေသလို ညီမ ပျော်ရမှာမို့ပါ။
အကို့နာမည်ရေရွတ်ပြီးမှ
ချစ်ခြင်းမေတ္တာအကြောင်းပြောလို့ရသလိုပေါ့
ညီမမှာ ဘာလုပ်လုပ် အကို့လောင်းရိပ်အောက်က။

ခံစားတတ်တာမကောင်းဘူး အကိုရဲ့
စိတ်ကူးလေးနဲ့လည်း ကမ႓ာပျက်တတ်တာပဲ။

ဒီစကြာဝဋာထဲက ကမ႓ာမြေထဲက နိုင်ငံသေးသေးလေးထဲက
မြို့သေးသေးလေးထဲက လမ်းသေးသေးလေးထဲက
အိမ်သေးသေးလေးထဲမှာ
တကုပ်ကုပ် အလုပ်ရှုပ်နေမယ့်
မိန်းမကြီးတစ်ယောက်ကို တွေးမြင်ကြည့်စမ်းပါ။

ထမင်းအိုးတည်ထားရင်းနဲ့ အဝတ်တွေလျှော်နေမယ်။
ဒီကြားထဲ ပုခက်ထဲက ကလေးငိုသံကြားရင်
ပြေးပြေးချော့ရသေးတယ်။

အဝတ်အစားလည်း ကပိုကရို
ဆံပင်တွေက လျော့တိလျော့ရဲ
ပါးမှာလည်း ဘာမှမလူးနိုင် နှုတ်ခမ်းလည်း ဆေးမဆိုးနိုင်တော့တဲ့
မိန်းမကြီးတစ်ယောက်ကို တွေးမြင်ကြည့်စမ်းပါ။

အဲ့ဒီ့အချိန်မှာ
"တင်" ဆိုတဲ့ အချက်ပေးသံလေးကြောင့်
ဖုန်းကို ဖွင့်ကြည့်လိုက်လိမ့်မယ်။
ဖုန်းမန်မိုရီပြည့်နေပြီဆိုတဲ့ စာတန်းလေးကြောင့်
တစ်ခုခုလုပ်ရတော့မယ်ဆိုတာတော့ သေချာပါပြီ။
ဘာလုပ်မလဲ ...?
ဓာတ်ပုံတွေအရင်စဖျက်ပါလိမ့်မယ်။
သူမအတွက် မလိုအပ်တော့တဲ့
သူမနဲ့ မသက်ဆိုင်တော့တဲ့ ဓာတ်ပုံတွေ စဖျက်ပါလိမ့်မယ်။
တစ်နေရာအရောက်မှာ သူမ လက်တွေ ရပ်တန့်သွားလိမ့်မယ်။
ဖုန်းစခရင်မှာ လူတစ်ယောက်ပြုံးနေတဲ့ပုံလေးက
သူမကို ဟိုးအရင်အတိတ်တွေဆီ ပြန်ခေါ်သွားပေးတယ်။
သူမရဲဲ ငယ်ရွယ်နုပျိုမှု၊ လွတ်လပ်ပျော်ရွှင်မှု၊ နွေးထွေးကြင်နာမှု။
သူမ မျက်ရည်ဝဲချင်ဝဲမယ် မဝဲချင်မဝဲဘူး။
ဒါပေမယ့် သူမ သေချာပေါက်ပြောဖြစ်မယ့်
စကားလေးတစ်ခွန်းရှိတယ်။
" အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် "

မနက်ဖြန်တွေဆိုတာ မကြာဘူး အကို
မျက်တောင်တစ်ခတ်အတွင်းမှာ ရောက်လာတတ်ကြတယ်။
ဖြစ်မလာမသေးတဲ့ အနာဂတ်ကို
ကြိုမြင်နေတယ်။
မရသေးတဲ့ ဒဏ်ရာတွေကို
ကြိုနာကျင်နေတယ်။
ညတွေမှာ အိပ်မပျော်ဘူး ညီမပြောတဲ့အခါ
ခိုးခိုးပြီး ရယ်ပါ။

လုံလောက်ခဲ့ပါတယ်။
ညီမအတွက်မရည်ရွယ်တဲ့ အကို့အပြုံးတွေနဲ့တင်
လုံလောက်ခဲ့ပါတယ်။
ညီမ ပေးလိုက်တဲ့ ချစ်ခြင်းတရားတစ်ခုအတွက်
ပြန်လည်ရရှိတဲ့ မသိခြင်းတရားတွေနဲ့တင်
လုံလောက်ခဲ့ပါတယ်။
တစ်ချို့အခိုက်အတန့်တွေမှာ အကို
ညီမအတွက်ရှိနေပေးတယ်လို့ မှတ်ထင်စေရုံနဲ့တင်
တစ်ဘဝစာ လုံလောက်ခဲ့ပါတယ်။
























( Idea from Genius AugustD )

အေဝးႀကီးက ေရးတ့ဲစာWhere stories live. Discover now