7

2.2K 186 13
                                    

ချစ်သောအိပ်မက်တွေဆိုတာ
မီးလုံးဝါတွေ ထိန်လင်းနေတဲ့
Merry-go-round ရှေ့က အကို့ကိုခေါ်တယ်။

ညီမ လိုအပ်ချက်တွေများလွန်းတယ်ပဲ ထားပါတော့
အိပ်မက်ထဲမှာတောင် အကို့ဆီ ညီမ မရောက်နိုင်ခဲ့ဘူး။
အကိုနဲ့ ညီမ မနီးစပ်သေးတာလည်း ကောင်းပါတယ်
ဘယ်တော့မှ မခွဲခွာရတာပေါ့

ဒီရက်ပိုင်း စိတ်တွေ သိပ်လေးတယ်
အရေးအကြောင်းဆို အကို့ပါးချိုင့်တွေလိုက်ရှာရတာ အမောပဲ
ဘာမှတော့မဆိုင်ပေမယ့် မမြင်နိုင်တဲ့ ခွန်အားတွေ
ညီမဆီ နည်းနည်းချင်း ကူးစက်လာသလိုမျိုး
ပြုံးပါ အကို အမြဲ ပြုံးနေပါ
အကိုတစ်ခါပြုံးတိုင်း
တစ်ရက်ပိုအသက်ရှင်သန်ခွင့်ရတဲ့သူတစ်ယောက်ဟာ ညီမပါ။

တိမ်တွေသာ စကားပါးတတ်ရင် သိပ်ကောင်းမယ်
အကို့ကိုပြောချင်တဲ့ စကားတွေ သူတို့နဲ့ထည့်ပေးပြီး
အကို့အိမ်ရှေ့ကို တစ်နေကုန် အုံ့ဆိုင်းထားခိုင်းမယ်။

ပြောရင် ရယ်မလားတော့ မသိဘူး
ညီမ ဘာကိုမှ မကြောက်ပါဘူး
အကို့ကို ဆက်ချစ်ခွင့်မရတော့မှာပဲ ကြောက်တာ
ဟုတ်တယ်
အကို့ကို ညီမ မပိုင်ဆိုင်ရလည်း ရတယ်။
တခြားလူပိုင်ဆိုင်မသွားရင် ဖြစ်တယ်။
အဲ့ဒါကြောင့် တစ်ခါတစ်လေ အကို့ကို မေ့ပစ်ဖို့ ကြိုးစားတယ်
ချစ်ရတာ သိပ်လွယ်တယ် မေ့ရတာ သိပ်ခက်တယ်
ချစ်ပြီးသား လူတစ်ယောက်ကို မုန်းရတာ ပိုခက်တယ်
လူတစ်ယောက်ကို အရမ်းမုန်းချင်ရင် အရမ်းချစ်ပါတဲ့
ညီမ အရမ်းချစ်ခဲ့တာ အမုန်းတွေပါ ကုန်သွားတဲ့အထိပဲ

တစ်နေ့နေ့ အကိုနဲ့ နီးမှာပါ
တစ်နေ့နေ့တော့ အကိုနဲ့ ဆုံမှာပါ
တစ်နေ့နေ့တော့ ... အင်း ... တစ်နေ့နေ့တော့ ...
သိပ်ပင်ပန်းတယ်
လူရာသွင်းမခံရတဲ့ ခံစားချက်တွေ
ရောက်မလာသေးတဲ့ အနာဂတ်တွေ
တဖြည်းဖြည်း မှုန်ဝါးလာတဲ့ ယုံကြည်ချက်တွေကြောင့်
ညီမ သိပ်ပင်ပန်းတယ်

ခြေကုန်လက်ပန်းကျနေတဲ့အခါ
ပျော်ရွှင်နေတဲ့ အကို့ပုံရိပ်ကလေးတွေ ငေးကြည့်မယ်
အဲ့ဒီ့ကနေ အောက်စီဂျင်ဓာတ်ကလေး နည်းနည်းစီပြန်ရပြီး
ညီမ အသက်ပြန်ရှင်လာတယ်
မပြီးဆုံးနိုင်တဲ့ သံသရာပဲ
ပြန့်ကျဲနေတဲ့ အစိတ်အပိုင်းတစ်ခုစီကို တယုတယကောက်ယူတယ်
အကောင်းတိုင်းပြန်ဖြစ်အောင် ပြုပြင်ပေးတယ်
ပြီးရင် နံရံကို ပစ်ပေါက်ပြီး တစ်စစီဖြစ်အောင် ဖြိုခွဲတယ်
နောက်ပြီး ထပ်ခါ ...

ဒီလိုနဲ့ ပေးဆပ်ရတဲ့ဘဝကို တဖြည်းဖြည်း နှစ်ခြိုက်လာတယ်။
အလွမ်းဆိုတာလည်း အကိုဆီကရတဲ့ လက်ဆောင်တစ်မျိုးပါပဲ
ကိုယ်ဘက်က နိုင်ချေမရှိရင် ဘာကိုမှမြည်းစမ်းမကြည့်ဖူးတဲ့ ညီမက
အကို့ကို လက်လွှတ်ဆုံးရှုံးရမယ်ဆိုတာ သိသိလျက်နဲ့
နှလုံးသားတစ်ခုလုံး လောင်းကြေးထပ်ခဲ့တယ်။
ဒါတောင် ညီမက အရှုံးမှာ ပျော်နေသေးတယ်

အိပ်မက်တွေကို ချရေးထားမယ်
အကို ညီမနားရှိနေခဲ့တယ်လို့ ကိုယ့်ကိုယ်ကို လိမ်မယ်
ဒီအိပ်မက်တွေကို အခေါက်ခေါက်အခါခါပြန်ဖတ်မယ်
အိပ်မက်တွေဟာ တကယ်ပါလို့ ယုံကြည်သွားသည်အထိ ဖတ်မယ်
နောင်တစ်ချိန်မှာ ဒီအိပ်မက်တွေကိုပဲ မှတ်မိနေရင်
တော်တော်ပျော်ဖို့ကောင်းမယ်။

မနက်ဖြန်တိုင်းဟာ မျှော်လင့်ချက်အသစ်တွေယူဆောင်လာပေးရင်
သူတို့ အကို့ကိုလည်း ယူဆောင်လာပေးနိုင်ပါစေ။
ညီမ ဘာဖြစ်နေလည်း အကိုသိဖို့ မလိုပေမယ့်
အကိုပျော်နေတယ်ဆိုတာတော့ ညီမ သိနေမှဖြစ်မယ်။

အသိအမှတ်ပြုမခံရသော ချစ်ခြင်းတရားဟူသည်လည်း
ဤကမ႓ာမြေဝယ် တည်မြဲတတ်ပါတယ်။
အကို့ကို ညီမ သိပ်ချစ်တယ်။

အေဝးႀကီးက ေရးတ့ဲစာWhere stories live. Discover now