12

1.7K 155 13
                                    

မိုးကုပ်စက်ဝိုင်းအဆုံးကို မကျော်လွန်နိုင်ခဲ့တဲ့
ချစ်ခြင်းမေတ္တာတွေပေါ့ အကိုရယ်

ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်သီးထဲမှာ
မျှော်လင့်ချက်တွေ ပါသွားတယ်။
မျက်လုံးထောင့်စွန်းက စီးသွားတဲ့ မျက်ရည်မှာ
ယုံကြည်မှုတွေ ပါသွားတယ်။
မှုတ်ထုတ်လိုက်တဲ့သက်ပြင်းနဲ့အတူ
အိပ်မက်တွေ လွင့်သွားတယ်။
နာကျင်မှုကို မြိုသိပ်ပြီး ပြုံးရယ်ရတဲ့အခါ
တကယ်ပျော်နိုင်ပါ့မလား ...။

တစ်စုံတစ်ယောက်ကို စိတ်ထဲထည့်ပြီး ရှင်သန်နေရတယ်ဆိုတာ
ဘယ်လိုပါလဲ ... အကို
လက်ထဲမှာတင် အရည်ပျော်သွားတဲ့ အမေ့ခံရေခဲမုန့်လေးလား
အင်္ဂလိပ်လို ရေးထားတဲ့ အကို့နာမည်နဲ့ သစ်ရွက်ကြွေတွေလား
မိုးပျံပူဖောင်းတွေတွေ့ရင် အားကျတဲ့စိတ်နဲ့ငေးကြည့်နေမိခြင်းပဲလား

တစ်စုံတစ်ယောက်ကို စိတ်ထဲထည့်ပြီး ရှင်သန်နေရတယ်ဆိုတာ
မနက်ခင်းတိုင်းကို ကောင်းကင်ဘုံမှာနိုးထရပြီး
ညနေခင်းတွေကို ငရဲမှာ ကုန်ဆုံးရခြင်းသာဖြစ်တယ်။
ဝင်သက်ဟာ သူ့ရဲ့ နှုတ်ခမ်းတွေဖြစ်ပြီးတော့
ထွက်သက်ဟာ သူ့ရဲ့ ပါးချိုင့်တွေဖြစ်တယ်။
လိပ်ပြာလွင့်မတတ် သတိရနေခဲ့ပါတယ်။
သေရင်တောင် ကျွတ်မယ်မထင်တဲ့ ညီမရဲ့ စွဲလမ်းမှုတွေပါပဲ။

အကိုမှ အကို ဖြစ်နေခဲ့တဲ့ ညီမဟာ
အရာရာကို မေ့ပါတယ်။
နောက်ဆုံး ကိုယ့်ကိုယ်ကိုပါ မေ့တယ်။
မှန်ကြည့်ပြီး မင်းဘယ်သူလဲလို့ ပြန်မေးရတဲ့အခိုက်အတန့်တိုင်းမှာ
သတ်သေချင်မိတယ်။
မှန်တွေကဖြေတယ်
"ငါတို့လည်း မေ့သွားပြီ" တဲ့။

လူတစ်ယောက်က တစ်ယောက်ကို ချစ်ဖို့ဆိုတာ
ဘာအကြောင်းပြချက်မှ မလိုပါဘူးတဲ့
ကံကိုယုံလို့ ဆူးပုံထဲ ခုန်ချမိတယ် အကိုရယ်
ဒါကိုလည်း လှပတဲ့ ဒဏ်ရာလေးပဲလို့ တသသမွေးခဲ့မိတယ်။
သွေးရူးသွေးတန်းပါပဲ။
အကိုနဲ့ ပတ်သတ်ရင် ညီမဟာ သွေးရူးသွေးတန်းပဲ။

ချစ်ခြင်းမေတ္တာဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ဘယ်နှယောက်များ ကျရှုံးသွားကြပြီလဲ။
အကိုနဲ့ နီးပါရစေလို့ အကျယ်ကြီးအော်လည်း
ဘယ်ဘုရားက အဖတ်လုပ် တုံ့ပြန်ခဲ့ဖူးလို့လဲ။
အကို့ပါးပြင်ပေါ် လက်ဖဝါးလေးအပ် နိုးထချင်ခဲ့တဲ့မနက်ခင်းတွေ
ဘယ်ကောင်းကင်ပေါ်ပစ်တင်မှ သတိထားမိကြမှာလဲ။
ကံဆိုးမိုးမှောင်ကျခြင်းတွေပါပဲ
နေရာတွေ၊ အချိန်တွေ မှားယွင်းစွာ ရှင်သန်ခဲ့ကြတယ်။
ဘဝမှာ တောင်းသမျှဆုသာပြည့်မယ်ဆို တစ်ခုထဲပဲ
မရှင်သန်ခင်ကတည်းက သေချင်ပါတယ်
အဲ့ဒါပြီး ပြီးတာပဲ။

အေဝးႀကီးက ေရးတ့ဲစာWhere stories live. Discover now