13

1.7K 154 10
                                    

အမြှေးတက်ခါစ အနာလေးကို ပြန်ပြန်ခွာရင်း
မွေးမြူထားတာ ကာလအတန်ကြာ။
ဒဏ်ရာဆိုပေမယ့်လည်း အကိုဆီကရတာပဲဆိုပြီး
ကျေကျေနပ်နပ် ပွေ့ဖက်ထားချင်သေးတာ။

တကယ်တော့ ဓါးသွားပေါ်က ပျားရည်စက်မဟုတ်ပဲ
အကိုကိုယ်တိုင်က ဓါးသွားဖြစ်နေခဲ့ခြင်းသာ။
နာကျင်တယ်ဆိုတဲ့အကြောင်းကို
တကယ်ကြီးနာကျင်ပြပြီးမှ သက်သေပြလို့ရတာ ကြေကွဲစရာ။
ဘာကိုမှ မခံစားတတ်တော့တာကို ခံစားတတ်ချင်လိုက်တာ
အဲ့ဒီ့အခါ အကို့ကို ညီမ လွမ်းနေပါဦးမလား ...

အဆင်ပြေပါတယ်လို့ အကိုက လိမ်တယ်
ပျော်ပါတယ်လို့ ညီမက ညာတယ်။
နှစ်ယောက်စလုံးကတော့ ပြုံးပြုံးလေးပါပဲ
ရင်ဘတ်အကွဲတွေနဲ့ ... ဒဏ်ရာတွေ ဗလပွနဲ့
အကို့အတွက်ဆို
ပျော်ရွှင်မှုတွေချည်း ဖန်တီးပေးချင်ပေမယ့်လည်း
ကိုယ့်ပါးပြင်မှာ စီးကျနေတဲ့ မျက်ရည်သုတ်ဖို့ကိုပဲ
ကူကယ်ရာကမဲ့။

ယူကလစ်ဂျီသြမေတြီမှာ မဆုံတဲ့ မျဉ်းပြိုင်နှစ်ကြောင်းဟာ
ရိုင်မန်ဂျီသြမေတြီရဲ့ အင်ဖနတီမှာ ဆုံကိုဆုံတယ်ဆိုတာ။
တကယ်တော့ ညီမက ကမ႓ာမှားပြီး လူဝင်စားလာဖြစ်တာ
ဒီကမ႓ာမှာ အကိုနဲ့ ညီမ ဝေးနေခြင်းဟာ
ဟိုဘက်ကမ႓ာမှာ ဆုံဖို့အကြောင်းဖြစ်ချင်ဖြစ်နေမှာ။

အကိုရယ် ညီမရယ် ...
တစ်မိုးအောက်ထဲ အဆုံးအစမဲ့ဝေးတယ်။
တစ်ယောက်က ဥတ္တရယဉ်စွန်းတန်းဆို
တစ်ယောက်က ဒက္ခိဏယဉ်စွန်းတန်းပါပဲ။
ကမ႓ာတခြမ်းဆီနေထိုင်နေကြမှန်း သိပ်သိသာတယ်။
ဝဋ်ကြွေးကျေတဲ့တစ်နေ့ ညီမဘက်က ကျောခိုင်းနိုင်မှာပါ
ဒါပေမယ့် အဲ့ဒီ့လိုနေ့ မရှိပါစေနဲ့လို့
ထပ်ခါထပ်ခါ ဆုတောင်းမိနေပြန်သေးတာ။

ဥပေက္ခာဆိုတာဟာလည်း
ကိုယ့်ကိုယ်ကို ပြန်ချည်နှောင်နေမိတဲ့ ဖဲကြိုးဝါတွေပါပဲ
အကြိမ်ကြိမ်အခါခါ အရှုံးပေးတယ်ဆိုတာ
သတ္တိရှိတဲ့သူတွေ ခုန်ချတဲ့ တောင်ကမ်းစွန်းပါး။
မုန်တိုင်းအနေနဲ့ကတော့ ကျီစယ်တာဆိုပေမယ့်
ကျိုးပဲ့သွားတဲ့ လှေငယ်လေးခမျာ သနားစရာ ...
သဗ္ဗေသတ္တာ ကမ္မသက္ကာလို့ပဲတွေးပါတယ်
ဒီလိုနဲ့ ညီမဟာ အကိုနဲ့ဝေးပြီး
မဂ်ဗိုလ်နိဗ္ဗာန်လမ်းနဲ့ ပိုပို နီးဖြစ်ခဲ့ပါတယ်။

ချစ်တယ် ... အကိုရယ်
ဒီစကားလေးတော့ ကြားလှည့်ပါကွယ်

အေဝးႀကီးက ေရးတ့ဲစာWhere stories live. Discover now