တီရှပ် အဖြူတစ်ထည်နဲ့ ဘောင်းဘီအကွက်အတိုလေးက Baekhyunဟာလည်းမဟုတ်။
အဲ့လို ပုံမျိုး ဒေါ်လေးတို့ဆီမှာလည်း ရှိမှာမဟုတ်။

"မနက်က အပြင်ထွက်ပီး သုံးစုံလောက်ဝယ်လာတာ...
ကိုယ့်မှာ အဝတ်အစားအပို မပါလာဘူးလေ...
Baekအင်္ကျီကလည်း ကိုယ့်နဲ့အဆင်မပြေလို့''

"အွန်း''

"မြန်မြန်ချိုး ဖျားအုံးမယ်....
ကိုယ်အဝတ်အစား ထုတ်ပေးခဲ့မယ်...
အောက်မှာ ထမင်းပြင်ပီးစောင့်နေမယ်...
ရေချိုးပီးတာနဲ့ ဆင်းခဲ့တော့နော်''

"ဟုတ်''

သောက်ထားတဲ့ အရှိန်တွေ...
တစ်ညလုံးပင်ပန်းထားတဲ့ အရှိန်တွေဟာ...
ရေအေးအေးလေးနဲ့ ထိလိုက်ရတဲ့အခါ...
လုံးဝကို လန်းဆန်းသွားသည်။

ခုတင်ပေါ်မှာ တင်ပေးထားသည့် ကော်လံပါသည့် ရှပ်လက်တို တစ်တည်ကို ကြည့်ပီး နှခေါင်းရှုံ့မိသည်။

ဒီလောက်ပူပြင်းနေသည့် ရာသီဥတုမှာ စွပ်ကျယ်လိုဟာမျိုးနဲ့ ပေါ့ပေါ့ပါးပါးဝတ်ချင်ပေမယ့်။
ကိုယ့်အကြောင်းနဲ့ ကိုယ်ဆိုတော့ ကော်လံပါကြယ်သီးကို လည်ပင်းစေ့သည်အထိ တပ်လိုက်ရသည်။

နေရကျပ်ပေမယ့် လည်ပင်ပေါ်က အမှတ်အသားတွေကို ဖုံးသွားသည်ကပဲ တော်သေးသည်။

ထမင်းစားခန်းထဲရောက်တော့ ဒေါ်လေးနဲ့ ထမင်းပွဲကူပြင်ပေးနေသည့် သူ။

ဒေါ်လေးနဲ့ အမြဲတမ်းတွေ့နေကျ မဟုတ်ပါပဲနဲ့ ဒီလောက်ထိ ရင်းနှီးနေတာ မြင်ရတော့လည်း Chanyeolကို တကယ်ကျေးဇူးတင်မိသည်။

'နိုးလာပီလား ကိုယ်တော်လေး'

"ဟီး....ဆောရီးပါဒေါ်လေးရယ်..
အိပ်ပျော်သွားတာ ဒီအချိန်လောက်ဖြစ်သွားမှန်းမသိလိုက်ဘူး''

'ရပါတယ်ကွယ်....
ဒီရောက်တုန်းလေး နားရတာကို...
Chanyeolကတော့ အားကိုးရတယ်နော်...
ဒေါ်လေးကို ဈေးလည်းလိုက်ပို့တယ်...
ဟင်းလည်းချက်ကူတယ်'

"ဟုတ်လား?''

"ဟုတ်ပဗျာ....ခင်ဗျားလေးက အိပ်ပုပ်နေတော့ ကိုယ်ကပဲ ဒေါ်လေးကို ကူရတာပေါ့...
နော. ဒေါ်လေးရယ်''

Official [Completed] (Zawgyi + Unicode)Where stories live. Discover now