Part 20 (Park Chanyeol' pov)

14.7K 1.1K 58
                                    


Cafe' Light
ရုံးကနေ အိမ်ကိုပြန်တဲ့ လမ်းပေါ်မှာရှိတဲ့ ဒီကော်ဖီဆိုင်လေးကို သတိထားမိနေတာကြာပီ။

အေးအေးဆေးဆေး သပ်သပ်ရပ်ရပ်နဲ့ အစားအသောက်လေးတွေလည်းကောင်းသည်။ အဓိကက ချယ်ရီကိတ်...
တစ်နေ့ကို တစ်ခုလောက်စားရမှ နေသာထိုင်သာရှိသည်အထိ စွဲလမ်းနှစ်ခြိုက်မိသည်။

နောက်ပီး.အဲ့ဆိုင်လေးကို သဘောကျသည်က တစ်ဆိုင်လုံး ယောကျာ်းလေးဝန်ထမ်းတွေချည်းရှိတာလည်းပါသည်။ အာရုံနောက်စရာ မရှိပေါ့။ ကိတ်မုန့်ဖုတ်တဲ့သူကအစ ကောင်လေးတစ်ယောက်ပင်။ ကိတ်မုန့်ဖုတ်တဲ့ဝတ်စုံလေးနဲ့ ကိတ်မုန့်လေးတွေရလာတဲ့အခါ ရှေ့ကမုန့်ထည့်တဲ့ မှန်ဘောင်ပုံးလေးထဲ ကိတ်မုန့်လေးတွေ ပြုံးပြီးထည့်နေတဲ့ ကောင်လေးဖြူဖြူသေးသေးလေးလေးက အူယားစရာကောင်းလှသည်။

ကျောင်းတည်းက Minhoနဲ့ Rosy တို့နဲ့သာတွဲလာခဲ့တာ ကျောင်းပီးတဲ့ထိ တွဲမြဲတွဲဖြစ်တုန်း။

အလုပ်စဝင်တဲ့နေ့ ဂုဏ်ပြုပွဲ လုပ်တဲ့နေ့မှာ Rosy ဘက်ကခံစားချက်တွေကိုဖွင့်ဟလာခဲ့သည်။ အရင်တည်းကခင်လာတဲ့ Rosyကို သူငယ်ချင်းထက်ပိုတဲ့ ခံစားချက်တွေရှိခဲ့တာကတစ်ကြောင်း သူ့ဘက်ကစတင်ဝန်ခံခဲ့တာမို့ အားနာတာကတစ်ကြောင်း အကြောင်းအမျိုးမျိုးကြောင့် ချစ်သူတွေဖြစ်ခဲ့ကြသည်။

အထင်သေးလွန်းတဲ့အဖေကြောင့် အလုပ်စဝင်တဲ့အချိန်တည်းက ကြိုးစားခဲ့တာကြောင့် Rosy ပေါ်ဂရုမစိုက်မိသည်ကများသည်။ ဒါပေမယ့် သုံးနှစ်သက်တမ်းထိ အရာရာကို သည်းခံပေးတဲ့ Rosyကြောင့် သူမကိုမြတ်နိုးတန်ဖိုးထားမိကာ လက်ထပ်ဖို့အထိရည်ရွယ်ခဲ့သည်။

နောက်ပိုင်း အခန့်မသင့်တဲ့အချိန်တွေပိုများလာ၍ သူမမွေးနေ့မှာ ချော့ရင်း Proposeလုပ်ဖို့အတွက် Cafe' Light တစ်ဆိုင်လုံးကို ငှါးလိုက်သည်။

သူမ ပျော်ပါစေရည်ရွယ်ရင်း .....
သို့ပေမယ့် မထင်မှတ်တဲ့ကိစ္စကြောင့် shock ရခဲ့ရသည်။ ပိုဆိုးသည်က အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်က သစ္စာဖောက်ခဲ့သည်မို့ ရှက်တာထက်ပိုခဲ့သည်။

ရုက်ရမ်းရမ်းတယ်ခေါ်မလား ကော်ဖီဆိုင်ကကောင်လေးပေါ်ကို ဒေါသဖြေမိသည် ။

Official [Completed] (Zawgyi + Unicode)Where stories live. Discover now